Page 44 : FINAL 🌱

27.4K 2.6K 151
                                    

ဇာတ်သိမ်းပိုင်း

မိုင်စိုင်း၏  တိုက်ပုံအကျႌရှိ ကြယ်သီးလေးများကို ဂရုတစိုက်ဖြင့် သေချာ တပ်ပေးနေသော အမျိုးသားလေး၏ ဆံနွယ်လေးများဆီ ဖျတ်ခနဲ နမ်းရှိုက်လိုက်တော့ အပြုံးရေးရေးလေးကို လက်ခံရရှိ၏။
ခပ်တိုတို ညှပ်ထားသော ဆံပင်ပုံစံကြောင့်
နားရွက်လေး နှစ်ဖက်နှင့် လည်တိုင်လေးသည်
ရှင်းလင်းနေ၏။ မျက်စိရှေ့၌ မြင်နေရသည့် အဖြူရောင်
နာရွက်ဖျားလေးထံ မြတ်နိုးမှုဖြင့် ထပ်မံ၍ အနမ်းတို့ ခြွေချမိပြန်တော့ မျက်လုံးလေးတွေ မှိတ်သည်အထိ ပြုံးသွား၏။ တိုက်ပုံအကျႌ အဖြူရောင်ထဲ၌ မြုပ်ဝင်နေသော အမျိုးသားလေးသည် မိုင်စိုင်း၏
သစ်လွင်သော သတို့သားလောင်းလေး။

ဝတ်စုံဆင်တူနှင့် ခမ်းနားနေကြသော အမျိုးသားလေး နှစ်ယောက်မှာ ပျော်ရွှင်မှုဟူသော ပီတီကြောင့်
နေရောင်ခြည်နှင့်အပြိုင် အပြုံးတို့၌ တောက်ပမှု အပြည့်နှင့်။ ယနေ့သည် မိုင်စိုင်းနှင့် ခေါင်လွမ်းတို့၏
မင်္ဂလာနေ့ ဖြစ်သလို သူတို့နှစ်ဦး၏ဘဝထဲသို့
ဝင်ရောက်ခဲ့လာသော မိသားစုဝင် အသစ်လေး၏ ရက်တစ်ရာပြည့် အထိမ်းအမှတ်နေ့လည်း ဖြစ်သည်။
ထို့ကြောင့် ယနေ့သွားမည့် နေရာမှာ ခါကာဘို ဘိုးဘွားရိပ်သာ ဆီသို့။ ပန်နန်းဒင်ရှိ ဒေသအကြီးအကဲထံ
ကလေးငယ်လေး အကြောင်း ပြောကာ မိဘများကို ရှာဖွေစေခဲ့သော်လည်း အချိန် နှစ်လကျော် ကြာသည်အထိ
ထူးခြားမှု ရှိမလာခဲ့ချေ။ အယူအဆ အမှားကြောင့်များ
စွန့်ပစ်ခဲ့ရလေသလားဟူသော အတွေးနှင့် အတူ ဖြစ်ပေါ်လာသည်က ရင်တွင်းမှ နာကျင်မှု။

သူတို့နှစ်ဦးသား ရှိနေသည့်နေ့မှ ခြံဝန်းထဲသို့ပင် ဝင်လာ၍ ကွပ်ပျစ်ပေါ်၌ သေချာ ထားသွားခဲ့ခြင်းကြောင့် ကလေးလေး၏ သက်ဆိုင်သူသည် သည်အနီးအနား၊ ပတ်တ်ဝန်ကျင်မှ ဖြစ်လိမ့်မည်ထင်။ အကြောင်းတရားတွေ
တိုက်ဆိုင်လာတော့လည်း အဖြူရောင် ကလေးငယ်လေးကို မိုင်စိုင်းတို့ လက်ခံရရှိသည်ပေါ့။
အပြစ်ကင်းစင်းသည့် အဖြူရောင် ကလေးငယ်သည် နွေးထွေးမှုနှင့်သာ ထိုက်တန်လွန်းသည့် လူသားလေး။
ထို့ကြောင့် ဖြူဖြူစင်စင် ကလေးငယ်လေးကို ယခုမှစ၍ မိုင်စိုင်းနှင့် ခေါင်လွမ်းတို့၏ သားငယ်လေးအဖြစ် ပြုစုပျိုးထောင်ပေးမည်။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now