Page 2

32.7K 3.8K 87
                                    

အဖြူရောင် လူသားသည် မိုင်စိုင်းထံသို့ စကားတစ်ခွန်းမှ ပြောမလာ။
အံ့ဩတကြီးဖြင့်သာ စိုက်ကြည့်နေဆဲ။

မီးရောင် မှိန်မှိန်အောက်၌ မျက်ခုံးဖြူဖြူ ၊
မျက်တောင် ဖွေးဖွေးနှင့် မျက်ဝန်းငယ်တို့သည်
မီးခိုးရောင် ဖျော့ဖျော့လေးတွေ ဖြစ်သည်။ သေချာသည်က တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူနေသော ထိုကောင်လေးသည် အလ်ဘိုင်နို (Albino) တစ်ယောက် ဖြစ်လိမ့်မည်။

ထိုအဖြူရောင် ကောင်လေးသည် ပန်းကန်တွေ ပေးရန် မိုင်စိုင်းဆီသို့ လက်ကမ်းပေးလာတော့မှ သူ့ကို အချိန်အတော်ကြာ စိုက်ကြည့်နေမိမှန်း သတိထားမိသွား၏။

"ရတယ် ညီလေး။ အကို့ဘာသာ ဆေးလိုက်မယ်လေ"

ထိုကောင်လေးသည် မည်သို့မျှ ပြန်၍ ပြောမလာ။  လက်ကိုသာ ကမ်းထားဆဲ။ ပန်းကန်တွေ မပေးမချင်း လက်ကို ပြန်ရုပ်မည့်ပုံ မပေါ်ပါ။ ထို့ကြောင့် ပန်းကန်တွေကို ကမ်းပေးလိုက်တော့ အေးစက်နေသည့် လက်ဖျားတို့နှင့် ထိတွေ့မိသွား၏။ လက်ဖျား အေးစက်စက်တို့နှင့် လိုက်ဖက်ညီစွာ လေထုသည်လည်း
အေးစက်စက် ဖြစ်မေသည်။

"ခေါင်လွမ်းရေ....."

အသံလာရာသို့ လှည့်ကြည့်လိုက်တော့
ကျော်နေသာ ဖြစ်၏။ မိုင်စိုင်းကို
မြင်သည်နှင့် ပြုံး၍ နှုတ်ဆက်ကာ အနားသို့ လျှောက်လာသည်။

"အိမ်ရှေ့မှာ မီးဖိုထားတယ် ကိုမိုင်စိုင်း။
ရာသီဥတုက အေးတာနဲ့ မီးလံှုလို့ရအောင်။
ခေါင်လွမ်း ပန်ကန်တွေ ဆေးတာ ခဏ ရပ်လိုက်ပါဦး။ ဧည့်သည်နဲ့ မိတ်ဆက်ပေးမလို့ "

ထိုအခါမှသာ အဖြူရောင် လူသားငယ်သည် လုပ်လက်စတွေကို ရပ်၍ မတ်တပ်ထကာ မိုင်စိုင်းဘက်သို့ ပြန်လှည့်လာသည်။ မျက်နှာသည် ရာသီဥတုနှင့် လိုက်ဖက်ညီစွာ ပကတိအတိုင်း အေးစက်နေလျက်။

"ဒီအကို့ နာမည်က မိုင်စိုင်းမောင်လို့ ခေါ်တယ်။ ကိုမိုင်စိုင်းက ကချင်ပြည်နယ်ကို
လေ့လာရေးခရီး ထွက်လာတာလေ"

"အကို သူက ကျွန်တော့်ညီ တစ်ဝမ်းကွဲ ခေါင်လွမ်းတဲ့"

မိုင်စိုင်းဘက်မှ ပြုံးပြလိုက်သော်လည်း
ခေါင်လွမ်းဟု အမည်ရသည့် ကောင်လေးမှာတော့ အပြုံးဖြင့် ပြန်၍ တုံ့ပြန်လာခြင်းမရှိ။ မိုင်စိုင်း၏ စိတ်ထဲ ဝမ်းနည်းသွားသည်တော့ မဟုတ်ပေမဲ့ တစ်မျိုးတော့ ဖြစ်သွားမိပါသည်။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now