Page 5

23K 3.2K 27
                                    

ယနေ့သည် တနင်္ဂနွေနေ့။ ပန်နန်းဒင်ဆီသို့ ရောက်သည့် တစ်ပတ်တိတိ ပြည့်သောနေ့ပင် ဖြစ်သည်။ တစ်ပတ်လုံးလုံး ခေါင်လွမ်းဆိုသော ကောင်လေးကို မတွေ့ရတော့သလို ထိုကောင်လေး မည်သည့် နေရာ၌ နေထိုင်သည်ဆိုတာကိုလည်း မိုင်စိုင်း မသိပါ။ တိုက်တိုက်ဆိုင်ဆိုင် ကျော်နေသာသည် ထိုကောင်လေး အိမ်သို့ အလည်သွားကြမည်ဟု ပြောလာသောကြောင့် မိုင်စိုင်း ချက်ချင်းပင် လက်ခံမိသည်။

ဝါးခြမ်းပြားများဖြင့် ခြံစည်းရိုးသဖွယ် ပြုလုပ်ထာသော အိမ်လေးတွေ တော်တော်များများ ကျော်လာသည်အထိ ခေါင်လွမ်း၏ နေအိမ်ကို ရောက်သေးမည့် အရိပ်အယောင် ရှိဟန်မတူ။ လမ်းတစ်လျှောက်၌လည်း ကြည့်စရာဟူ၌ များများစားစား မရှိ။ ခြုံနွယ်စိမ်းစိမ်း၊ စမ်းရေ ကြည်ကြည်တို့သာ အများဆုံး တွေ့ရမည်။ သို့ပေတည်း ထိုအရာတွေသည် အေးချမ်းခြင်းဟူသော အသွင်ကို ဆောင်သဖြင့် မိုင်စိုင်း သဘောကျ၊ နှစ်ခြိုက်မိသော အရာများပင်။

လမ်းငယ်လေး အတိုင်း တဖြည်းဖြည်း လျှောက်လာကြရင်း တစ်နေရာသို့ ရောက်တော့ ကလေးငယ်လေး တစ်ယောက်ကို တွေ့လိုက်ရ၏။
တစ်ကိုယ်လုံး အနွေးထည်ထဲ၌ မြုပ်ဝင်နေကာ
မျက်နှာလေးသာ ဖော်ထားသည့် ကလေးငယ်သည် သူ့ထက် အရွယ်ငယ်လောက်မည့် ကလေးပေါက်စလေးကို
ကျောထက်၌ ချီပိုးထား၏။

ထိုကလေးငယ်ထံ မိုင်စိုင်း ပြုံးပြလိုက်တော့  မရဲတရဲလေး ပြန်၍ ပြုံးပြလာသည်။ ၆နှစ် ၇နှစ်အရွယ်လောက်သာ ရှိဦးမည့် ထိုကလေးငယ်လေးသည် မြို့ပေါ်မှ ကလေးတွေကဲ့သို့ ဆော့ကစားဖို့ အခွင့်အရေးတွေ မရှိ။ ယခုလို အရွယ်လေးနှင့်ပင် မိဘများထံမှ သူတတ်နိုင်မည့် တာဝန်များကို လွဲှပြောင်း၍ ယူနေရချေပြီ။

"ကိုမိုင်စိုင်း ညောင်းနေပြီလား။ ဟိုရှေ့နားဆို
ရောက်ပြီ။ ပန်းပင်နီနီလေးတွေ ရှိတဲ့အိမ်"

"မညောင်းသေးပါဘူး။ ဒီလောက်ကတော့ အပျော့ပါကွာ"

တစ်နာရီနီးပါးလောက် လမ်းလျှောက်လိုက်ရပေမဲ့
အမှန်တကယ်လည်း မိုင်စိုင်း
မညောင်းသေးပါ။

"ဝုတ်...ဝုတ်..ဝုတ်...."

ပန်းပင်နီနီလေးတွေရှိသည့် အိမ်လေးထဲသို့ ဝင်ဝင်ချင်း ခွေးဖြူဖြူလေးသည် ဆီး၍ ပိတ်ဟောင်ပါတော့သည်။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now