EXTRA 5

4.6K 640 72
                                    

ကောင်းကင်မှ ဖြာကျလာသော
နေရောင်ခြည်နုနုသည် ခြေဖမိုးလေးတွေထံ
ဝင်ရောက် ခိုနားလာတော့ ကိုယ်ကို
အနည်းငယ် စောင်းကာ ထီးရိပ်ထဲသို့ ခိုဝင်လိုက်ရသည်။

သစ်ရွက်လေးတွေထံ လေနုအေးသည်
ဖြည်းဖြည်းချင်း တိုက်ခတ်နေသည်။ ကျေးငှက်တို့သည် တိုးဖွဖွလေး တေးသီဆိုနေကြသည်။ မေတ္တာဓာတ်ကလေးကတော့
နွေးနွေးထွေးထွေးလေးသာ ရစ်ဝဲနေ၏။

"ကိုကို ရှင်းလုံးလေးကို ချီထားရတာ
လေးနေရင် ပြောနော်။ ပြောင်းချီပေးမယ်"

လေပြည်ညင်းတွေကြားမှ
ဖောက်ထွက်လာသည့် ခပ်တိုးတိုး
စကားသံလေး။ ရက်၊လ၊နှစ်တွေ
ကုန်ဆုံးသွားပြီးနောက် ရှင်းလုံးလေးသည်
အသက် နှစ်နှစ် ပြည့်သွားပြီ ဖြစ်သလို မိုင်စိုင်းနှင့် ခေါင်လွမ်းတို့၏ အိမ်ထောင်သက်တမ်းသည်လည်း
နှစ်နှစ်ကျော်လို့ သုံးနှစ်အတွင်းသို့ ဝင်ရောက်လာပြီ ဖြစ်သည်။

စတွေ့ခါစ အချိန်တုန်းကတော့
ခေါင်လွမ်းဆိုသော ကောင်လေး၏
အသက်သည် ၁၇နှစ်။ ယခုတော့
၂၂နှစ်ကျော် အရွယ် အမျိုးသားလေး
အဖြစ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
ငါးနှစ်တာဟူသော အချိန်တွေ ကုန်လွန်သွားခဲ့ပေမဲ့ မိုင်စိုင်း
မျက်ဝန်းထဲမှာတော့ ထိုအမျိုးသားငယ်သည်
စတွေ့ခါစ အချိန်ကလိုပင်
အေးအေးချမ်းချမ်းနှင့် ချစ်မြတ်နိုးဖွယ်ရာလေးသာ ဖြစ်သည်။

ယခုလည်း ပေါက်စလေး ရှင်းလုံးကို
ချီထားသည့် မိုင်စိုင်းအတွက်
စိတ်ပူနေပြန်၏။

"ကိုယ်က သည်းငယ်ကိုတောင် အကြာကြီး
ချီနိုင်တာ။ ရှင်းလုံးလေးကို
ချီထားရတာလောက်က  စာမဖွဲ့ပါဘူး"

ထိုသို့ပြောလိုက်တော့ အဖြူလုံးလေးသည်
မိုင်စိုင်းနှင့် မျက်လုံးချင်း ဆုံနေရာမှ
အကြည့်လွဲှ၍ မျက်နှာကို တစ်ဖက်သို့
လှည့်သွားသည်။ ထိုအခါမှ စကားပြော
မှားသွားမှန်း မိုင်စိုင်း သိလိုက်ရ၏။

သူ၏ စကားတွေသည် ပူပူနွေးနွေး ကြင်နာမှု့
ပုံရိပ်တွေထံ မီးမောင်းထိုးပြလိုက်သလို
ဖြစ်သွားသောကြောင့် ရှက်သွေးဖြာမှု့
လှိုင်းကလေးသည် သူတို့နှစ်ဦးကြား
ဖြစ်တည်လာရ၏။ သာမန်ထက်ပို၍
ထွေးပွေ့မိသော မြတ်နိုးမှု့တွေကို
ပြန်သတိရမိလိုက်တော့ မိုင်စိုင်း
မျက်နှာတစ်ခု လုံးသည် ဂွမ်းလုံးလေး နီးပါး ပူထူသွားရသည်။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now