Page 30

16.3K 2.4K 128
                                    

လှေကားပေါ်မှ ဆင်းလာသည့် မေမေ့၏ မျက်နှာ၌ ဒေါသရိပ်တို့ လွှမ်းနေသည်ကို မိုင်စိုင်း ထင်ထင်ရှားရှား မြင်လိုက်ရသည်။ သူတို့နှစ်ယောက်၏ အနားသို့ မေမေ
တစ်လှမ်း တိုးလာလေလေ မိုင်စိုင်းသည် ခေါင်လွမ်း၏ လက်လေးကို ပို၍ ဆုပ်ကိုင်မိလေ ဖြစ်၏။ မေမေ့ကို မကြောက်ဘူးလားဟု မေးလျှင်  မိုင်စိုင်း သိပ်ကြောက်မိပါသည်။ စကားလုံးတွေနှင့် နှလုံးသားအထိ
နာကျင်အောင် ရိုက်နှက်တတ်သော မေမေသည် ယခုလည်း မိုင်စိုင်း၏ ရင်ကို နာကျင်စေမည့် စကားလုံးတွေကိုသာ ရွေးချယ်နေဟန်တူသည်။

"မေမေ သူက ကျွန်တော့်ချစ်"

"ဖြန်း.."

စကားတောင် ပြီးဆုံးအောင် မပြောရသေးခင်မှာပဲ မိုင်စိုင်း၏ ပါးပြင်သည် ဖြောင်းခနဲ မြည်အောင် အရိုက်ခံလိုက်ရ၏။ မေမေ၏ ရိုက်ချက်သည် ပါးပြင်မှနေ
နှလုံးသားအထိ စီးဝင်သွားသည်ထင်။ မိုင်စိုင်း၏ နှလုံးသားသည် ဆစ်ခနဲပင် နာကျင်သွားရ၏။

"မေမေ စိတ်လျှော့ပါ။ ငယ်လေးကို လက်မပါပဲနဲ့ ပြော"

မလတ်နှင့် ကြီးကြီးကတော့ မေမေ၏ ဘေးနှစ်ဖက်၌ ရပ်နေရင်း စိတ်လျှောရန် ဖျောင်းဖျနေကြသည်။
သို့သော် လက်သီးကို တင်းတင်းဆုပ်ကာ အသက်ပြင်းပြင်း ရှုနေသော မေမေသည် သိပ်ကို ဒေါသထွက်နေဟန် တူပါသည်။

"နင်တို့ စောက်ရှက် မရှိကြဘူးလားဟင်"

မေမေ၏ ဒေါသသံသည် တစ်အိမ်လုံး ဖုံးလွှမ်းသွား၏။

"လူပျို၊ လူလွတ် အချင်းချင်း မေတ္တာသက်ဝင်မိတာက မေမေ့ အတွက် ရှက်စရာ ဖြစ်သွားရတာလား"

"နင်မရှက်ပေမဲ့ ငါရှက်တယ်။ ဒေါ်မိုင်းနွယ်ရဲ့ သားက ယောက်ျားချင်း ကြိုက်နေတယ်ဆိုပြီး ပြောလာမဲ့ ပါးစပ်တွေကို ငါရှက်တယ်"

ဂုဏ်သိပ်မက်သော မေမေသည် ယခုလည်း သူ(မ)၏ ဂုဏ်သိက္ခာကို ထိခိုက်မည်ဆိုး၍ သိပ်ကို ဒေါသထွက်နေသည်။

"မေမေက အမြဲ ကိုယ့်အတွက်ကိုယ်ပဲ ကြည့်တာပါ။ အမြဲတမ်း ငါပျော်ဖို့။ ငါစိတ်ချမ်းသာဖို့။ ငါ့ဂုဏ်တက်ဖို့ ပဲကြည့်တယ်။ ကျွန်တော့်ရဲ့ ပျော်ရွှင်မှုတွေ၊ လွတ်လပ်မှုတွေ ၊ ဝမ်းနည်းမှုတွေကို ဘယ်တုန်းကမှ မကြည့်ခဲ့ဘူး။ မမြင်အောင် မေမေ တမင် မျက်နှာ လွှဲထားတာပါ"

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now