Page 22

16.6K 2.7K 96
                                    

Recommend Song -
Eric Chou  (Unbreakable Love)
  
"ကိုယ့် ပုံလေးတွေက အသက်ဝင်လိုက်တာ"

ချစ်ရသူ ဖန်တီးထားသည့် ကိုယ့်ရဲ့ ပုံတူလေးတွေကို မိုင်စိုင်း အမြတ်တနိုးဖြင့် ထိတွေ့မိသည်။ ဘယ်အချိန်တည်းက သည်ပုံလေးတွေကို စဆွဲထားသည်လဲ မိုင်စိုင်း မသိပေမဲ့ ယခုဆို သူ့ရဲ့ ပုံတူလေးတွေဟာ စာအုပ်တစ်အုပ်လုံး၌ အပြည့်။
မြတ်နိုးသူ၏ လက်ရာလေးတွေ ပြည့်နေသည့် သည်စာအုပ်လေးက မိုင်စိုင်း အတွက်တော့ တန်ဖိုးမဖြတ်နိုင်သည့် အရာ။

"တန်ဖိုးရှိတဲ့ လက်ဆောင်လေးအတွက် ကျေးဇူးတင်ပါတယ်နော် သည်းငယ်။ ကိုယ်သေချာ သိမ်းထားမယ်"

မျက်စိရှေ့မှ ခေါင်လွမ်း၏ လက်ချောင်းလေးများကို ဆုပ်ကိုင်လိုက်တော့ မိုင်စိုင်း၏ လက်ဖဝါး နှစ်ဖက်ထဲသို့ မြုပ်ဝင်သွားသည်မှာ အံဝင်ခွင်ကျ။ လက်ချောင်းလေးတွေမှသည် နှလုံးသားလေး အထိ
မိုင်စိုင်းနှင့် သက်ဆိုင်နေသော အရာများဟူ၍ တွေးလိုက်မိတော့ စိတ်ထဲ၌ ကြည်နူးသွားရသည်။

အေးစက်နေသည့် လက်လေးတွေကို နှုတ်ခမ်းနား၌ တေ့ရင်း အနွေးဓာတ် ငွေ့ငွေ့လေး ပေးလိုက်တော့ ခေါင်လွမ်း၏ နှုတ်ခမ်းစွန်းလေး နှစ်ဖက်မှာ ကွေးတက်သွားရသည်။

"နွေးရဲ့လား သည်းငယ်"

မိုင်စိုင်း၏ အမေးကို ခေါင်လွမ်းသည် ခေါင်းလေးသာ ပြန်ညိတ်ပြ၏။ ချစ်ရသူသည် ယခုအချိန်ထိတိုင် စကားနည်းလေး ဖြစ်နေဆဲပင်။ အနွေးဓာတ်ပေးနေရင်းမှ မြင်ကွင်းထဲရှိ လက်ချောင်း ဖြူဖြူဖွေးဖွေးလေးတွေကို အမြတ်တနိုး နမ်းရှိုက်လိုက်၏။ မိုင်စိုင်း၏ အပြုအမူကြောင့် ခေါင်လွမ်း၏ ခန္ဓာကိုယ်လေးမှာ ဆတ်ခနဲ တုန်သွားရ၏။ ထို့အတူ ဝိုင်းစက်သွားသော မျက်ဝန်းလှလှလေးတွေ။ ခေါင်လွမ်းဟူသော အမျိုးသားလေးသည် ထိုမျှအထိ အဖြူထည်ဆန်ပါသည်။

"ကျေးဇူး ကိုကို။ နွေးအောင် လုပ်ပေးလို့"

ခေါင်လွမ်း၏ အသံသည် တကယ့်ကို နွေးနွေးထွေးထွေးလေး။ ထို့အတူ မိုင်စိုင်းဆီ မဝံ့မရဲ ကြည့်လာသော မျက်ဝန်းငယ်တို့သည်လည်း ထိုနည်းတူစွာပင်။ အံ့ဩလျှင် ဝိုင်းစက်သွားတတ်သော
မျက်ဝန်းလေးတွေမှ အစ ရှက်သွားလျှင် ငုံ့သွားတတ်သော မျက်နှာလေးထိ အဆုံး မိုင်စိုင်း၏ နှလုံးသားထဲ၌ စွဲထင်နေအောင် မှတ်သားထားလိုက်ပြီ ဖြစ်သည်။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now