Page 8

19.4K 2.8K 148
                                    

လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခြင်း ခံရသော်လည်း ခေါင်လွမ်းလေး မရုန်းရဲသေး။
ခြေထောက်လေးတွေ နာလာသော်လည်း ခြေလှမ်းတွေကို မရပ်ရဲသေး။ နာကျင်မှုများကို အန်တုရင်း ဆက်လျှောက်နေမိ၏။ မိမိ ချစ်ရသည့် အနူးနှင့် ပြန်မဆုံရမည်ကို ခေါင်လွမ်း တကယ် ကြောက်မိပါသည်။

အိမ်မှာ ငြိမ်ငြိမ်လေးနေပြီး အနူးပြန်အလာကို စောင့်ခဲ့ရမှာ။ အနူး ညွှန်ပြသည့် သစ်ပင်လေးအောက်မှာ ငြိမ်ငြိမ်လေး ထိုင်ခဲ့ရမှာ။ သူပြန်တွေးရင်း မျက်ရည်လေးတွေ ဝဲလာတော့၏။ ထိုလူကြီးတွေကတော့ ခေါင်လွမ်း နားမလည်သည့် စကားများကို ပြောလိုက်၊ သူ့ကိုကြည့်ရင်း ရယ်လိုက်ဖြင့် လုပ်နေကြသည်။ အစက ထိုသူတို့အပေါ် အားကိုးတကြီး ဖြစ်ခဲ့မိခြင်းအစား ယခုတော့ ခေါင်လွမ်း၏ စိတ်ထဲတွင်၌ ကြောက်စိတ်တို့သာ ကြီးစိုးလာတော့၏။

ထိုလူတွေသည် မိမိကို အနူးဆီသို့ ခေါ်သွားပေးမည့် လူတွေဟူ၍ မခံစားရတော့။ ထိုအစား သူနှင့် အနူးတို့ကို ဝေးကွာအောင် ပြုလုပ်ပစ်ကြမည့် လူတွေဟုသာ ရင်ထဲ ခံစားမိလာတော့ ခေါင်လွမ်း၏ နှလုံးသားလေးမှာ
ကျဉ်တက်သွားတော့သည်။ သူ အော်ဟစ်ကာ ငိုပစ်လိုက်ချင်ပေမဲ့ အာစေးမိနေသလိုပင် ဖြစ်ကာ ထိုလူတွေနောက်သို့သာ ခြေထောက်လေး ထော့နဲ့ထော့နဲ့ဖြင့် လိုက်သွားမိတော့၏။

ခဏကြာတော့ တဲအိမ်လေး တစ်အိမ်၏ရှေ့၌ သူတို့အားလုံး ရပ်လိုက်ကြတော့သည်။ ခေါင်လွမ်းလေးခမျာ သူ၏လက်လေးကို လွှတ်ပေးလို့ လွှတ်ပေးငြား ရုန်းလိုက်သော်လည်း ပို၍သာ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခြင်းကိုသာ ခံလိုက်ရ၏။

"ဦး...သားလက်နာနေပြီ"

ခေါင်လွမ်းမှာ အသံထွက်၍ ညည်းညူလိုက်မှ ထိုလူကြီးသည် လက်ကို လွှတ်ပေးတော့သည်။

"ဒီမှာ ငြိမ်ငြိမ်လေး ထိုင်နေနော်။ မင်း ဗိုက်ဆာနေပြီလား"

"မဆာသေးဘူး ဦးလေး"

ထိုဦးလေးကြီး အမေးကို ခေါင်းခါပြရင်း အေးစက်နေသည့် ကြမ်ပြင်ပေါ်၌ ထိုင်ချလိုက်တော့သည်။ ဗိုက်ဆာနေပြီ ဖြစ်သော်လည်း အနူးဆီရောက်မှ
စားမည်ဟု အားတင်းထားသောကြောင့်
ဗိုက်မဆာသေးဘူးဟူ၍သာ လိမ်လိုက်ရသည်။ တကယ်တော့ ဗိုက်လေးကို ဖိနှိပ်ထားရသည်အထိ ခေါင်လွမ်း အတော်ဗိုက်ဆာနေပြီ ဖြစ်၏။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now