EXTRA 2

15K 1.9K 95
                                    

အုတ်ကန်ဘောင်ပေါ်၌ တင်ထားသော သွားတိုက်တံလေးအား
မြင်လိုက်ရသည်နှင့် ခေါင်လွမ်း မျက်လုံးလေးတွေ မှိတ်သွားသည်အထိ ပြုံးမိသည်။

သွားတိုက်ဆေး အဆင်သင့်
ထည့်ပေးထားရုံ သာမက
ရေအပြည့်ခပ်ထားသော ခွက်လေးဘေး၌  မျက်နှာသုတ်ပဝါလေးပါ
အဆင်သင့် တင်ပေးထားသည်။

ဘဝ တလျှောက်လုံး နွေးထွေးမူ့ ကင်းမဲ့စွာ
နေလာခဲ့ရသော ခေါင်လွမ်းအဖို့ ယခုလို
အသေးစိတ် ဂရုစိုက်မူ့လေးတွေသည်
နှလုံးသားအား ခပ်ပါးပါးလေး
ရိုက်ခတ်၏။

မနက်ခင်း နေရောင်ခြည် နုနုအောက်၌
ပျော်မွေ့နေကြသော ကျေးငှက်တို့သည်
သစ်ပင်ကိုင်းဖျားပေါ်၌ အစီအရီ။

တေးသီကျူးသံနှင့်အတူ
လွင့်မျောလာသော လေညင်းတို့သည်လည်း တကယ်ကို ညင်ညင်သာသာလေးသာ။

ကြည်နူးနေသော စိတ်အစုံကိုမှ ကြည်လင်နေသော ရာသီဥတုလေးကပါ ထပ်မံပေါင်းတော့ ခေါင်လွမ်း၏ ကမ္ဘာငယ်သည် သာယာခြင်း
အတိနှင့်။

ကိုယ်လက် သန့်စင်ခြင်း အမူ့
ပြီးသွားသည်နှင့် အိမ်ရှေ့သို့ ထွက်လာတော့ ဘုရားဝတ်ပြုနေသည့် ကိုကို့အား တွေ့လိုက်ရသည်။

ကိုးကွယ် ဆည်းကပ်ရာဟူ၍
ဘာမှန်းမသိခဲ့သည့် ခေါင်လွမ်းအား
ကိုကိုသည် ဘာသာတရား၏
ငြိမ်းချမ်းမူ့ကို ပြသပေးခဲ့သည်။

ပူလောင်ခြင်းကို ငြိမ်းသတ်ပေးနိုင်သော ၊
စိတ်ကို အေးချမ်းစေနိုင်သော
ဓမ္မတရားသည် ခေါင်လွမ်း၏
သောကများကို ပြေပျောက်စေပါ၏။

ဘုရားကျောင်းဆောင်ရှေ့၌
ဝတ်ပြုနေသော ကိုကို့၏ အသံသည် တိုးတိုးညင်ညင်နှင့်
အေးအေးချမ်းချမ်းလေး။

ရေစက်တို့ ဝေ့သီနေသော
ဘုရားပန်းများသည်လည်း ရွှေဝါရောင် ပန်အိုးကိုယ်စီ၌ လန်းလန်းဆန်းဆန်း
ပွင့်လန်းနေကြသည်။

ထို့အတူ တောက်ပနေသော
ဖယောင်တိုင်မှ အလင်းရောင်နှင့် အငွေ့မျှင်မျှင်လေး ထွက်နေသော အမွှေးတိုင်သည် ဘုရားဝတ်ပြုမူ့အား
ပို၍ ပြီးပြည့်စုံစေ၏။

ပန်နန်းဒင် [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now