Author Note

7.7K 655 1
                                    

ဒီဇာတ်လမ်းနဲ့ ပတ်သတ်ပြီး မူရင်းစာရေးသူကိုယ်တိုင် ပြောထားတာလေးပါ။

(ဖတ်ထားပြီး မှတ်ထားပေးပါ။)

ဒီဝတ္ထုက မူးရင်းအားဖြင့် ဂျပန်စာရေးဆရာ Shunji Iwai's ရေးသားခဲ့သော စိတ်ကူးယဉ်သိပ္ပံဝတ္ထု ဖြစ်တဲ့" Wallace Mermaid" ဆိုတဲ့ ဝတ္ထုကို ကျောရိုးပြု မှီငြမ်းရေးသားထားခြင်းပါ။ မူရင်းစာရေးဆရာကိုလည်း လေးစားမှုပြု ဦးတင်အပ်ပါတယ်။ မှီငြမ်းထားသည်ဆိုသော်ငြား ဒီဝတ္ထုက မှီငြမ်းထားတဲ့ မူရင်းဝတ္ထုနဲ့ တော်တော်လေး ကွာခြားပါတယ်။

မူရင်း ဂျပန်ဝတ္ထုမှာ .

၁၉ရာစုနောက်ပိုင်းအတွင်း ဟောင်ကောင်မြို့၌ ဒဏ္ဍာရီဆန်ဆန် ဖြစ်ရပ်ဆန်းတစ်ခု ရှိခဲ့တယ်။ အကြောင်းက Wallace လို့ခေါ်တဲ့ ဇီဝဗေဒပညာရှင်တစ်ဦးက ကိုယ်ဝန်ရှိနေတဲ့ ရေသူမတစ်ကောင်ကို ဖမ်းမိခဲ့ပြီး လေ့လာမှုမျိုးစုံကို ပြုလုပ်ခဲ့တယ်။ နောက်ပိုင်းမှာ ထိုရေသူမမှမွေးဖွားသော သမီးလေးနှင့် Wallace ရဲ့သူငယ်ချင်းကောင်းဖြစ်သူရဲ့ သားက ချစ်ကြိုက်မိပြီး သံယောဇဉ်တွေလည်း တွယ်ခဲ့ကြတယ်။ ၁၉၁၃ ခုနှစ်ရောက်တဲ့အခါ Wallace ကွယ်လွန်ခဲ့ပြီး သူမသေဆုံးခင် Hong Kong Mermaid Record လို့ခေါ်တဲ့ စာအုပ်ကို ရေးသားသွားခဲ့တယ်။ အဲ့ဒီနောက်ပိုင်း များမကြာခင်မှာပဲ ရေသူမဆိုတဲ့ ဒဏ္ဍာရီဆန်ဆန်ဖြစ်ရပ်ကြီးကလည်း သဲမှုန်လေးတွေ လေထဲလွင့်ပြယ်သွားသလို တိမ်မြုပ်ပျောက်ကွယ်သွားခဲ့တယ်။

နှစ်ပေါင်း တစ်ရာ ကြာပြီးနောက်မှာ သိပ္ပံဆိုင်ရာ စူးစမ်းလေ့လာရေးသင်္ဘ​ောတစ်စင်းက ကျယ်ပြောလှတဲ့ ပစိဖိတ်သမုဒ္ဒရာပြင်ထဲမှာ အချိန်အကြာကြီး ရွက်လွင့်သွားလာနေခဲ့ရင်း ပျောက်ကွယ်နေခဲ့တဲ့ ဒဏ္ဍာရီလာ သတ္တဝါကြီးက တိုက်တိုက်ဆိုင်ဆိုင် သူတို့ သင်္ဘ​ောအနားမှာ အချိန်ကြာမြင့်စွာ တဝဲလည်လည် လှည့်ပတ်နေခဲ့တယ်။ ထိုကဲ့သို့ ဖြစ်ပွားပြီး မကြာခင်မှာပဲ Haiyuan Mi လို့အမည်ရတဲ့ လူငယ်ကောင်လေးက ပင်လယ်ပြုတ်ကျရတဲ့ ဘေးအန္တရာယ်ကို ကြုံတွေ့ခဲ့ရပြီး မမျှော်လင့်စွာနဲ့ပဲ သမုဒ္ဒရာကြမ်းပြင်အောက်ထိနစ်မြုပ်သွားတဲ့ကောင်လေးက ကုန်းပတ်ပေါ်ကို ပြန်ရောက်ခဲ့ပြီး သုံးလကြာပြီးနောက်မှာ ပြန်လည်ကျန်းမာလာခဲ့တယ်။ ထိုအချိန်မှ စပြီး ထိုအဖြစ်အပျက်ကို အကြောင်းပြုကာ ရေသူတွေရဲ့ ပုံပြင်တွေဟာလည်း တဖြည်းဖြည်းပျံ့နှံ့လာခဲ့ပြီး နောက်ထပ် ကမ္ဘာအသစ်တစ်ခုကို မြင်ကြည့်နိုင်မယ့် တံခါးတစ်ခုကလည်း နောက်ထပ်တစ်ကြိမ် ပြန်လည်ပြီး ပွင့်သွားခဲ့သည်။

Desharow's MermanWhere stories live. Discover now