အခန်း(၂၀)

5.1K 702 27
                                    

 အခန်း(၂၀) အက်ဂ်ရေ့စ်ပေးမည့် ခွင့်ပြုချက် 

"ငါနဲ့ ဝေးဝေးမှာနေ တိရစ္ဆာန်ကောင် " ကျွန်တော်က ဓာတ်မီးကိုဆုပ်ကိုင်ပြီး သူ့မျက်လုံးတည့်တည့်သို့ အလင်းထိုးကာ ကျွန်တော့်အနားတိုးကပ်နေခြင်းမှ ကာကွယ်ထားခဲ့သည်။ သို့ပေမယ့် ထိုကာကွယ်မှုက ကျွန်တော့်အတွက် အကူအညီမဖြစ်ခဲ့ပေ။ ထိုအစား ခြ‌င်္သေ့တစ်ကောင်က သူ့သားကောင်ကို ရန်စနေသကဲ့သို့ အက်ဂ်ရေ့စ်က သူ့ခေါင်းကိုတစ်ဖက်သို့လှည့်ပြီး ပြုံးဖြီးဖြီးလုပ်ကာ သူ့အစွယ်ကို လှစ်ဟာပြခဲ့သည်။ သူ့ရဲ့လက်ကိုအသုံးပြု၍ ခန္ဓာကိုယ်ကိုထောက်ထားရင်း ရုတ်တရက် ကျွန်တော့်ထံသို့ တွားသွားပြီး တက်လာသည်။ ထို့နောက် သူ့ ခေါင်းက ကျွန်တော့်ကို ငုံ့ကြည့်လာသည်။

သူ့ခန္ဓာကိုယ်မှထွက်လာသည့် ဟော်လ်မုန်းနံ့တွေက လေထုထဲ ပျံ့လွင့်နေပြီး ထိုအချိန်၌ ကျွန်တော့်အသိ၏ရုတ်ချည်းလှုပ်ရှားမှုဖြင့် လက်နှိပ်ဓာတ်မီးမှ ကျဉ်စက်ဖြင့် မာကျောသောသူ့ရင်ဘတ်ကို ဖိကပ်လိုက်သည်။ ထို့နောက်ချက်ချင်းဘဲ ရှူးရှူးရှဲရှဲထွက်ပေါ်လာသည့် အသံတွေကို ကျွန်တော်ကြားလိုက်ရသည်။ အက်ဂ်ရေ့စ်ရဲ့ ခန္ဓာကိုယ်က ပြင်းထန်စွာဆန့်တငင်ငင်ဖြစ်ပြီး အသားကိုလောင်ကျွမ်းရာမှ ထွက်ပေါ်လာသည့် ညှော်နံ့ပင် ကျွန်တော့်နှာခေါင်းထဲ တိုးဝင်လာခဲ့သည်။ သို့ပေမယ့် သူကတော့ မိနစ်ဝက်လောက်ပင် တွန့်ဆုတ်သွားခြင်း မဖြစ်ခဲ့ပေ။ ထိုအစား အရေးပြားဆက်သူ့လက်ချောင်းများဖြင့် ကျွန်တော့်လက်ကိုဆွဲကိုင်ပြီး နံရံ၌ ဖိကပ်ထားခဲ့သည်။

"ငါ့ကို လွှတ် ! ထွက်သွား ! မင်းကို နာကျင်အောင်လုပ်မိဖို့ ငါ့ကို တွန်းအား မပေးနဲ့ !" ကမောက်ကမဖြစ်စွာပင် ကျွန်တော်အော်ပြောခဲ့သည်။ လစ်လပ်နေသောကျန်လက်တစ်ဖက်က ဓာတ်မီးကိုဆွဲယူပြီး ကျွန်တော့်ညာဘက်လက်အား တင်းကြပ်စွာဆုပ်ကိုင်ထားသည့် အက်ဂ်ရေ့စ်လက်ကို လျှပ်စစ်ဖြင့်တို့ကာ ထိုအရေပြားနေရာ၌ အဖြူရောင်အမာရွတ်တစ်ခုကို ထင်ကျန်စေခဲ့သည်။ ထိုအချိန်၌ ကျွန်တော့်အသိစိတ်တို့ ကင်းပျောက်နေသည်ကို ကျွန်တော် ဝန်ခံသည်။ ထို့အပြင် ရန်လိုတတ်တဲ့ ကလေးငယ်တစ်ယောက်ပမာ ပြုမူပြီး ရူးနှမ်းစွာ ခုခံနေခဲ့သည်။ ကျွန်တော် ဘယ်လောက်ထိ သန်မာမှုရှိချင်သလဲ' ဆိုတာကိုတော့ ဘုရားသခင်သာ သိပေမည်။ အကြောင်းပြချက်က ဒီအခြေအနေမှာ ကျွန်တော့်ရဲ့ သုတေသနစာချုပ်နှင့် စိတ်ထဲကထွက်လာသမျှသော ရှာဖွေတွေ့ရှိမှုအားလုံးကို ပစ်ထုတ်ပစ်လိုက်ချင်တာကြောင့်ဖြစ်သည်။ အရေးအကြီးဆုံးအနေဖြင့် ဒီ လူမျက်နှာနှင့် တိရစ္ဆာန်စိတ်ရှိနေတဲ့ ရေသူထီးကို ကြမ်းပြင်ပေါ်တွန်းလှဲချပြီး ပြင်းပြင်းထန်ထန်ကို ရိုက်နှက်ပစ်ချင်တာကြောင့်ပင်။

Desharow's MermanΌπου ζουν οι ιστορίες. Ανακάλυψε τώρα