အခန်း(၄) ဘယ်သူက သားကောင်လဲ။

5.7K 763 8
                                    

အခန်း(၄) ဘယ်သူက သားကောင်လဲ။

—————

ထိုသို့သော အတွေးတွေ ကျွန်တော့်စိတ်ထဲတိုးဝင်လာတဲ့အချိန် ရေသူထီးက သူ့ရဲ့ခေါင်းကို ကျွန်တော့်ဝမ်းဗိုက်နားဆီ ငုံ့ချလာသည်။ ကြောက်ရွံ့မှုနဲ့ရုန်းရင်းဆန်ခတ်ဖြစ်သွားတဲ့ ကျွန်တော့်ရဲ့အရင်အခြေနေကြောင့် အင်္ကျီက ပြန့်ကားတင်းရင်းနေကာ ကျယ်ပြန့်တဲ့ဗိုက်သားနေရာမှာ ပေါ်ပေါ်လွင်လွင် ဖြစ်နေသည်။ ရေသူထီးကိုကြည့်ရတာတော့ ကျွန်တော့်ရဲ့ ပေါ်လွင်နေတဲ့ အသားအရည်အပေါ် စိတ်ဝင်စားမှု ရှိနေပုံရသည်။

ကျွန်တော်က ဖြည်းဖြည်းချင်းစီ ကျွန်တော့်ရဲ့ဘောင်းဘီချုပ်ရိုးကြောင်းနားရောက်လာတဲ့ ရေသူထီးရဲ့ခေါင်းနဲ့ နှာခေါင်းကိုရှုံ့ပြီး ပြင်းပြစွာအနံ့ခံရှူရှိုက်လိုက်ပုံကိုသာ တအံ့တဩနဲ့ကြည့်နေမိခဲ့သည်။ သူ့ရဲ့ နှာခေါင်းရှုံ့ပြီး ယစ်မူးစွာစိုက်ကြည့်နေပုံက မသိရင် ကျွန်တော့်ရဲ့ခန္ဓာကိုယ်ကပဲ စွဲမက်စရာကောင်းတဲ့ ဝိုင်တစ်ခွက်နဲ့ တူနေသလား မဟုတ်မှ ချောမောလှပတဲ့ ရေသူမလေးတစ်ယောက်ဖြစ်နေသလား ထင်ရသည်။ တကယ့်ကိုပြင်းပြတဲ့ ရမ္မက်တွေပင်။

သို့ပေမယ့် တကယ့်အမှန်တရားက .... နားလည်ရခက်ပြီး အန္တရာယ်ရှိတဲ့လှုပ်ရှားမှုတွေနဲ့ ဘယ်အချိန်မှာမဆို ကျွန်တော့်ကို တိုက်ခိုက်လာနိုင်တဲ့ ရေသူထီးနဲ့ ရင်ဆိုင်နေရခြင်းဖြစ်သည်။

'ကျွန်တော်ခံစားနေရသမျှက ကြောက်ရွံ့ခြင်းများသာ။ ခြေထောက်ကနေ ခန္ဓာကိုယ်အထိ လက်နှစ်ဖက်လုံးဖြင့် ထိန်းကိုင်ရွှေ့တက်လာရင်း ပိုပြီးတိုးကပ်လာတဲ့ ခေါင်းကိုသာ မလှုပ်မယှက်နဲ့ ကျွန်တော်ကြည့်နေမိသည်။ သူ့ရဲ့ရှည်လျားပြီး သန်မာတဲ့လက်နှစ်ဖက်ကိုသုံးပြီး ကျွန်တော့်ရဲ့လှုပ်ရှားမှုအကုန်လုံးကို ထိန်းချုပ်ဟန့်တားထားသည်။

သူ့ရဲ့လက်သည်းတွေက ရှည်လျားပြီး ချွန်မြနေကာ ထိုလက်ချောင်းတစ်ခုချင်းစီ၏ကြားတွင် ဆက်လျက်ရှိနေတဲ့ အရေပြားလည်းပါရှိသည်။ ထို့အပြင် သိသာစွာထိုးထွက်နေပြီး အရွတ်ပြားကြီးသဖွယ်ဖြစ်နေတဲ့ ပုခုံးရိုးက ကွေးညွတ်နေတဲ့ နောက်ကျောပြင်ကနေ ထိုးထွက်နေရာ မသိလျှင် အပြည့်အဝမဖွံ့ဖြိုးသေးတဲ့ နတ်ဆိုးရဲ့တောင်ပံ့ကဲ့သို့ ဖြစ်နေသည်။

Desharow's MermanWhere stories live. Discover now