အခန်း(၂၃)

4.1K 545 20
                                    

 အခန်း(၂၃)

ပတ်ဝန်းကျင်တစ်ခုလုံးက တဖိတ်ဖိတ်တုန်ခါနေသည့် ပုံပင်။ ကျွန်တော့်ခေါင်းလည်း ချာချာလည်အောင်မူးဝေနေပြီး ကြမ်းပြင်ပေါ်တွင် ပက်လက်လဲလျက် ရှိနေခဲ့ကာ ထိုအချိန်ထိ အက်ဂ်ရေ့စ် ပစ္စည်းက ကျွန်တော့်အူနံရံအတွင်း မြဲမြဲမြံမြံကပ်တွယ်လျက်ရှိနေခဲ့သည်။ အာရုံကြောများ နိုးကြားနေသေးသောအခြေအနေ၌ ငြိမ်သက်ခြင်းမရှိ ထိုအရာက အနည်းငယ်လည်း လှုပ်ရှားနေသေးသည်။

ဤကဲ့သို့သော နောက်ဆုံးလက်ကျန် သာယာမှုက ကျွန်တော့်ခြေထောက်တို့ကို တုန်ယင်သွားစေပြီး ထိုအင်အားဖြင့် သူ့ရဲ့ငါးအမြီး၌ ခြေချိတ်၍ နေရန်လည်း မတတ်နိုင်တော့ပေ။ ထို့ကြောင့် ကျွန်တော့်ရဲ့ခါးကိုသာသုံးပြီး ကြမ်းပြင်ပေါ်၌ လှုပ်ရှားနေခဲ့သည်။ ခန္ဓာကိုယ်ကို တစ်လက်မချင်းစီ ရွှေ့နေရင်း ကျွန်တော့်ခန္ဓာကိုယ်အတွင်းမှ အက်ဂ်ရေ့စ်ပစ္စည်းထွက်သွားဖို့အတွက် ပြုလုပ်နေခဲ့သည်။

သို့ပေမယ့် ကျွန်တော့်လှုပ်ရှားလိုက်တဲ့အချိန်တိုင်း ရေသူထီး၏ ကြီးမားလွန်းသောပစ္စည်းက ကျွန်တော့်အူအတွင်းနံရံကို ပွတ်တိုက်နေခဲ့ရာ အားပြုကာတင်းထားရသော ကျွန်တော့်အရိုးများပင် အင်အားတို့မဲ့၍ ရှုံ့တွသွားစေခဲ့သည်။ ကျွန်တော့်ကိုယ်အတွင်းမှ ဓားမြှောင်နှင့် ထိုးဆွနေသလို ဖြစ်ပေါ်လာသော စိတ်ဆန္ဒတို့ကို သည်းခံရင်း နဖူးပေါ်မှ ချွေးများပင် စီးကျလာခဲ့သည်။ ထို့နောက်တွင်တော့ ဒါကို တစ်ယောက်တည်းလုပ်နေရတဲ့ ကျွန်တော့်ပုံစံကိုကြည့်ပြီး ရှက်စိတ်ပင် ဖြစ်လာခဲ့သည်။ သို့ပေမယ့် ကျွန်တော့်ခေါင်းထက်တွင် ရှိနေသော စောင့်ကြည့်ကင်မရာအကြောင်းကို တွေးမိလိုက်ချိန်မှာတော့ တစ်ဟုန်ထိုး လှုံ့ဆော်တက်လာသော ရှက်ရွံ့စိတ်ဖြင့် ခြေထောက်ကိုကွေးဖို့ တွန်းအားပေးကာ လေးလံသော အက်ဂ်ရေ့စ်ခန္ဓာကိုယ်မှ နောက်သို့ဆုတ်၍ ရုန်းထွက်ခဲ့လိုက်သည်။

ကျွန်တော့်ကိုယ်အတွင်းမှ အက်ဂ်ရေ့စ်ပစ္စည်းထွက်သွားသောအချိန်၌ ထိုအရာက ရုတ်တရက် ထိုးထောင်မြောက်ကြွလာခဲ့ပြီး လွတ်မြောက်သွားသော ကျွန်တော့်အောက်ပိုင်းကိုယ်ထည်ကို သက်သာရာရစွာ ကြည့်နေမိချိန် အဖြူရောင်အရည်ကြည်တို့က ကျွန်တော့်မျက်နှာပေါ် ပန်းကျလာပြီး ငါးညှီနံ့ရောသော ရေသူထီး၏ အထူးရနံ့က ကျွန်တော့်နှာခေါင်းထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် တိုးဝင်လာပေသည်။

Desharow's MermanWhere stories live. Discover now