Synopsis

7.4K 689 10
                                    

သူ့ဘဝတစ်လျှောက်လုံးတွင် အဖြစ်ချင်ဆုံးနဲ့ အပြည့်ချင်ဆုံး ဆန္ဒဖြစ်သည့် ဘွဲ့ရဖို့အတွက် ရေသူမျိုးနွယ်တွေကို စူးစမ်းရှာဖွေပြီး စာတမ်းပြုစုရမှာ ဖြစ်ရာ ရုရှားရေကြောင်းတက္ကသိုလ် ဇီဝဗေဒဌာနမှ ကျောင်းသားဖြစ်သူ
ဒက်ရှ်ရှဲရိုး ဟာ သူ့ရဲ့ ကြီးကြပ်သူဆရာ(ရိုင်)နဲ့အတူ ရှည်လျားလှသော ရေကြောင်း ခရီးကို ထွက်ခဲ့ကြလေသည်။
ထို့နောက် အိုက်စလန်(အိုက်စလန်နိုင်ငံရဲ့ သမုဒ္ဒရာ) အရောက်မှာ ရှားပါးမျိုးစိတ် တကယ့်ကို ရတနာလို့ တင်စားရလောက်တဲ့ ရေသူထီးတစ်ကောင်ကို ဖမ်းမိခဲ့ကြသည်။

ဒီရေသူထီးနဲ့ ပတ်သတ်လို့ သူသိသည်က အနည်းလေးသာရှိပြီး ထိုအသိမှာ ဤကဲ့သို့ ဒဏ္ဍာရီလာ မဲနက်ပြီး မကောင်းဆိုးကဲ့သို့ အသွင်တူသည့် ရေသူထီးက သူ့ကို ဟိုးအရင်ကတည်းက 'သားကောင်' အဖြစ်သတ်မှတ်ထားခဲ့သည် ဟူ၍ဖြစ်သည်။
သူ့ရဲ့ ခန္ဓာကိုယ်ကိုလည်း အလိုမဲ့စွာ ထိပါးနေခဲ့ခြင်းဖြစ်ရာ ထိုကဲ့သိုသော မမျှော်လင့်ထားသည့် အစပျိုးမှုများသည် သည်းထိပ်ရင်ဖိုရသော ရန်ပွဲပဋိပက္ခများဆီသို့ ဦးတည်ခေါ်ဆောင်သွားတော့သည်။

အဆုံးသတ်မှာ ရေသူထီးကပဲ သူ့ရဲ့ အလိုအလျောက်ဖြစ်တည်လာသော ဆန္ဒအာသီသကိုပဲ ပြည့်ဝအောင် လုပ်ယူနိုင်မလား။
ဒက်ရှ်ရှဲရိုး ကပဲ သူ့ရဲ့ ဆရာ ကြီးကြပ်ပေးမှုအောက်ကနေ စာတမ်းအတွက် သုတေသနပြုလုပ်ခြင်းကို အဆင်ပြေပြေ ဖြစ်မြောက်သွားအောင် လုပ်နိုင်မလား။

ကြောက်မက်ဖွယ်ကောင်းတဲ့ ဒုတိယကမ္ဘာစစ်ဖြစ်ဖို့ စတင်နေချိန်မှာ ဒီရေသူမျိုးနွယ်တွေနဲ့ ပတ်သတ်တဲ့ စူးစမ်းရှာဖွေမှုအပေါ် နောက်ကွယ်ကနေ တွန်းအားပေးတည်ရှိနေတဲ့ စစ်တပ်ရဲ့ တကယ့်ရည်ရွယ်ချက်ကရော ဘာဖြစ်နိုင်မလဲ။

ရှာဖွေမှုနဲ့ သုတေသနပြုလုပ်မှု တိုးတက်လာသည်နှင့်အမျှ ပင်လယ်ပြင်၌ အမျိုးစုံသော အန္တရာယ်ကြုံတွေ့ရမှုတွေလည်း များစွာ ရှိခဲ့ပြီး စိတ်ခံစားချက်တွေရဲ့ တွန်းအားပေးလှုံ့ဆောင်မှုတွေ အလိုအလျောက်ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းတို့အပြင် မကြာခင်မှာ ဒက်ရှ်ရှဲရိုးတစ်ယောက် မိစ္စာကောင်ရေသူထီးအပေါ်ထားရှိတဲ့ မယုံကြည်နိုင်စရာကောင်းတဲ့ ဆက်နွယ်မှုတစ်ချို့ကို ရှာဖွေတွေ့ရှိသွားခဲ့သည်။
သူ့ခန္ဓာကိုယ်ကရော ဘယ်လိုတွေ ထူးဆန်းစွာ ပြောင်းလဲမှုတွေ ဖြစ်သွားလေမလဲ။ ....

Desharow's MermanDove le storie prendono vita. Scoprilo ora