Chapter(27)

2.8K 468 25
                                    

အခန်း(၂၇)

အသံလာရာပြတင်းပေါက်အပြင်ဘက်သို့ ကျွန်တော် လှမ်းကြည့်လိုက်သည့်အခါ မလှမ်းမကမ်းရှိ မြူနှင်းမှုန်မှုန်တို့ကြား ပေါ်လွင်နေသည့် သဘော်ပုံရိပ်ကို ကျွန်တော် တွေ့လိုက်ရသည်။ သူ့ထိပ်ဖျားမှ တလူလူထွက်ပေါ်နေသော အနီရောင်မီးခိုးငွေ့တန်းက အကူအညီပေးဖို့ အချက်ပြတောင်းဆို နေခြင်း ဖြစ်ပြီး သေချာသည်က ထိုသဘော်မှာ မုန်တိုင်းကြောင့် ပျက်စီးမှုဖြစ်ခဲ့ခြင်း ဖြစ်သည်။

"သက်ကယ်လှေ လာနေပြီ ... ကြိုးကို နှိမ့်ချလိုက်တော့ ..." သဘော်သားတစ်ဦးမှ အော်ပြောခဲ့သည်။

"ဒါပေမယ့် ဒေါက်တာ စာခါရိုက ခရီးကိုနှောင့်နှေးအောင် မလုပ်ဖို့ ငါတို့ကို ပြောထားတယ်လေ။ သူအခုထိ မနိုးသေးဘူး .. ငါ သူ့ဆီသွားပြီး ပြောလိုက်ရင် ကောင်းမလား။" လူတစ်ယောက်က ဝင်ပြောသည်။

"မပြောနဲ့ အရူးကောင် ! အခုက အသက်တွေအများကြီး ၊ သူ့လိုမိန်းမက နှလုံးသားရှိတာ မဟုတ်ဘူး။ သူတို့ကို လှေပေါ်ပေးတတ်မှာ မဟုတ်ဘူး။ !"

ထိုအချက်ကိုတော့ ကျွန်တော် အတော်ကြီးထောက်ခံသည်။ ထို့ကြောင့် တံခါးဘောင်ကို လက်ဖြင့် ခေါက်ပြီး " ဟေး ကိုယ့်လူတို့ .... ဟို မိန်းမ မနိုးခင် သူတို့ကို ကယ်လိုက် ၊ ငါ မင်းတို့ကို ထောက်ခံပေးတယ်"

"နားလည်ပါပြီ ... မစ္စတာ ဒက်ရှ်ရှဲရိုး " သဘော်သားက ချက်ချင်းပြန်ဖြေခဲ့ပြီး များမကြာမီတွင် ကျွန်တော်တို့ သဘော်နားသို့ နီးကပ်လာသော အကူအညီပေးရန် တောင်းခံအော်ဟစ်နေသံများကို ကြားခဲ့ရသည်။ ထို့နောက်တွင်တော့ ကုန်းပတ်ပေါ်၌ ငိုသံ၊ ကျေးဇူးတင်စကားပြောနေသံနှင့် ဆုတောင်းသံတို့ ပိုမို ကျယ်လောင်လာခဲ့သည်။ ကျွန်တော်ငယ်ငယ်က ရေလမ်းခရီးသွားရင်း တွေ့ကြုံခဲ့ရတဲ့ မတော်တဆဖြစ်မှုကိုပင် ရုတ်တရက် သတိရသွားခဲ့သည်။ ထိုအချိန်က ကျွန်တော့်မိဘတွေ ကျွန်တော့်ကို အသက်ရှင်လျက်ပြန်တွေ့မိချိန်မှာ ဒီလူတွေလိုပဲ စိတ်လှုပ်ရှားနေခဲ့လောက်သည်။

သို့ပေမယ့် ကျွန်တော့်ရဲ့အသက်ရှင်ခြင်းအတွက် သူတို့က သေဆုံးခြင်းနဲ့ လဲလှယ်ပေးခဲ့ပြီး ဒီကျယ်ပြောလှတဲ့ ပင်လယ်ပြင်ထဲ၌ မြှုပ်နှံခံကာ နှုတ်ဆက်ခဲ့ကြသည်။ ကျွန်တော့်မိဘတွေက ကျွန်တော်တို့နဲ့တွေ့ဆုံခဲ့တဲ့ ဒီလူတွေလောက် ကံမကောင်းခဲ့ပေ။ ကျွန်တော့်အဘိုးနှင့် ဦးလေးတွေ အပါအဝင်ပင်။

Desharow's Mermanحيث تعيش القصص. اكتشف الآن