အခန်း(၁၃)

5.3K 697 13
                                    

For my lovely Unicode readers.

အခန်း(၁၃)

အခန်းထဲရှိမီးတို့လင်းလာပြီးနောက် ကျွန်တော်အလိုအလျောက်ပဲ မျက်လုံးကိုပိတ်ထားလိုက်မိသည်။ ကျွန်တော့်ခန္ဓာကိုယ်က အပေါ်သို့မြှောက်တက်သွားတယ်'လို့ခံစားလိုက်ရပြီး ထိုလှုပ်ရှားမှုက နည်းနည်းတော့ ခက်ခဲကြမ်းတမ်းနေခဲ့သည်။

ကျွန်တော်ခေါင်းကို ခက်ခက်ခဲခဲခါယမ်းလိုက်ပြီး မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ ကျွန်တော့်ကို ငုံ့ကြည့်နေတဲ့ ရိုင်းကိုတွေ့လိုက်ရသည်။ မီးရောင်က သူ့နှာဖျားနေရာနားမှာ ရောင်ပြန်ဟပ်နေပြီး မျက်ဝန်းအိမ်ထဲ၌ နက်ရှိုင်းတဲ့ အမှောင်ရိပ်တစ်ခုကို ဖြစ်ပေါ်စေကာ အကြည့်တို့အား ကြောက်လန့်စရာကောင်းနေစေခဲ့သည်။ ကျွန်တော့်အနားရောက်နေပြီဖြစ်တဲ့ ရိုင်းကို သတိတောင်မထားမိခဲ့ဘူး ... ထို့အပြင် ယုံမှားဖွယ်ရာမရှိအောင် သူ့ပုံစံက နောက်ထပ်လှုပ်ရှားမှုတစ်ခုမှာပဲ ပစ္စတိုကိုဆွဲထုတ်ပြီး ကျွန်တော့်ကို ပစ်တော့မည့်အတိုင်း ဖြစ်နေသည်။

သို့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ရိုင်းဘာလို့ ကျွန်တော့်ကို စိတ်တိုနေလဲ ကျွန်တော်မသိဘူး။

'ဒေးဗစ်နဲ့အတူ ရေသူထီးကို သွားကြည့်ခဲ့လို့လား။'

ကျွန်တော့်ကိုပြောထားတဲ့ ရိုင်းရဲ့ သတိပေးမှုနဲ့ အရင်တစ်ခါ မအောင်မြင်ခဲ့တဲ့ သူ့ရဲ့မတော်မတရားပြုမှုကို ကျွန်တော်မှတ်မိနေသေးတာကြောင့် ကျွန်တော်ကြောက်နေခဲ့သည်။

"ကိုယ့်လူ ... မျက်နှာကမဲ့ရှုံ့ပြီး ဝမ်းချုပ်သလိုပုံစံကြီးဖြစ်နေတာက ဘာဖြစ်တာလဲ ... ဗိုက်ထဲအဆင်မပြေဖြစ်စေတဲ့ တစ်ခုခုစားထားလို့လား။"

စောင်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်ပေမယ့် မျက်နှာတွင်တော့ အမူအရာမပြဘဲ ဘာမှမဖြစ်သည့်အတိုင်း ဟန်ဆောင်ပြီး ကျွန်တော်မေးလိုက်သည်။ ထို့နောက် ကျွန်တော်ပြန်ပြီးအိပ်ရာပေါ်မလှဲချခင် ရိုင်းက ကျွန်တော့် အင်္ကျီကော်လံစကိုဆွဲလိုက်တာကြောင့် ကျွန်တော့်တစ်ကိုယ်လုံး လေထဲမြောက်သွားခဲ့ရသည်။ ကျွန်တော့်ကို ဝါးမြိုပစ်ချင်နေသည့် အမူအရာနှင့် ရိုင်းက ခက်ထန်လွန်းစွာစိုက်ကြည့်နေပြီး ကျွန်တော့်မျက်နှာထက် လာပြီးရိုက်ခတ်နေတဲ့ အသက်ရှူသံပြင်းပြင်းကြောင့် ကျွန်တော်ဖြေလျော့ဖို့ကြိုးစားနေတဲ့ ရိုင်းရဲ့ဒေါသအငွေ့အသက်များကိုပင် ခံစားမိခဲ့သည်။

Desharow's MermanWhere stories live. Discover now