အခန်း(၁၉)

5.4K 733 58
                                    

အခန်း(၁၉) 

ပင်လယ်ပြင်အောက်ခြေသို့ အလည်တစ်ခေါက်

ကျွန်တော့်ဘေး ပတ်ဝန်းကျင်တစ်ခုလုံးက မျောပါနေတဲ့ ရေခဲတုံးများဖြင့်ဝန်းရံနေပြီး ပင်လယ်ပြင်ကလည်း အဖြူရောင်အလွှာတစ်ခုဖြင့် ဖုံးလွှမ်းနေသည်။

ဘေးပတ်ပတ်လည်သို့ ဇဝေဇဝါဖြစ်စွာကြည့်လိုက်ပြီးနောက် သိပ်မဝေးလှတဲ့ ရေပြင်ထဲ၌ မှောက်ခုံဖြစ်နေတဲ့ စပိဘုတ်(speedboat) ကို တွေ့လိုက်ရသည်။ စက်ကအခုထိလည်နေတုန်းဖြစ်ပြီး ရေလှိုင်းဂယက်များကို ဖြစ်ပေါ်နေစေကာ ကျိုးပဲ့သွားသည့် စပိဘုတ်၏လက်ရန်းများလည်း ရေထဲတွင် မျောနေသည်။

တစ်ခြားတစ်ဖက်တွင်ရှိသည့် ကျွန်တော်ကမူ လေစိမ့်ထွက်နေသည့် အသက်ကယ်ဘောကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး အေးစက်နေသည့် ရေခဲရေထဲ နစ်မြှုပ်နေခဲ့သည်။

"ဒါက ဘယ်နေရာလဲ " ရင်းနှီးနေသော ပတ်ဝန်းကျင်ကြီးကိုကြည့်ပြီး ရေထဲ၌ ခိုက်ခိုက်တုန်နေရင်း ကျွန်တော်တွေးခဲ့သည်။ ကျွန်တော့်လက်ချောင်းတွေက ကလေးတစ်ယောက်၏လက်ချောင်းများအတိုင်း သေးငယ်နေတာကို တွေ့ခဲ့ရပြီး ထိုဆယ်ချောင်းသော လက်ချောင်းနူးနူးညံ့ညံ့များက အားအင်မဲ့ကာ ဖူးရောင်နေခဲ့သည်။ လက်သည်းခွံများက အပြာရောင်၊ အမဲရောင်များပင် ခြယ်နေပြီဖြစ်သည်။ သေဆုံးတော့မည့် အပူချိန်များက ကျွန်တော့်ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်းတိုက်စားလာပြီး ရေနစ်သွားသည်ထက် အအေးဓာတ်ကြောင့်သာ သိပ်မကြာခင် ကျွန်တော် သေသွားရတော့မည်။

"ဒက် ... ဒက် .... သားလေး။ မင်း ဘယ်မှာလဲ "

"ဘုရားသခင် ... ကျေးဇူးပြုပြီး သူ့ကို အသက်ရှင်လျက် ထားရှိပေးပါ ။ ဒက် ! ငါ့ရဲ့ ဒက်က အခုမှ အသက်ခြောက်နှစ်ပဲ ရှိသေးတယ် .... ဘုရားသခင် သူ ဘယ်မှာရှိလဲ ပြောပြပေးပါ။ "

ဝေးကွာလှသောနေရာမှ ကျွန်တော့်ရဲ့ ချစ်စနိုးနာမည်ကိုအော်ခေါ်ရင်း များစွာသောအသံတွေထွက်ပေါ်လာခဲ့သည်။ သူတို့က ကျွန်တော့် မိသားစုပင်။ ကျွန်တော့်ကို ကယ်ဖို့ သူတို့လာနေကြတာ ... ကျွန်တော် သိနေတယ်။

Desharow's MermanWhere stories live. Discover now