အခန်း(၂၁)

4.8K 660 20
                                    

အခန်း(၂၁)

"မင်း ..... က ငါ့အပိုင် ဆိုတာကို ... သူတို့ ... သိလာလိမ့်မယ် ...."

အက်ဂ်ရေ့စ်က ကျွန်တော့်မျက်နှာကို စိုက်ကြည့်ပြီး ကျွန်တော့်အားနည်းချက်ကို သိနေပြီးသည့်အတိုင်း အဓိပ္ပါယ်ရှိစွာ ပြုံးပြသည်။

ကျွန်တော့်စိတ်တို့တုန်လှုပ်သွားပြီး ချက်ချင်းပဲ အက်ဂ်ရေ့စ်စကား၏ အဓိပ္ပါယ်ကို နားလည်သွားခဲ့သည်။ ကျွန်တော်ရုတ်ချည်းထထိုင်ပြီး သူ့ကို နံရံရှိရာသို့ တွန်းကပ်ကာ လက်သီးဖြင့်ထိုးဖို့ ရွယ်လိုက်ပေမယ့် ကျွန်တော့်လက်ကောက်ဝတ်က သူ့အရေပြားဆက်လက်ချောင်းများနှင့် လွယ်ကူစွာ ဖမ်းဆီးခြင်း ခံလိုက်ရသည်။ သူက ပါးစပ်ကိုအသာဟပြီး နီရဲနေသောလျှာဖျားဖြင့် ကျွန်တော့်လက်ချောင်းတွေကို လျက်ခဲ့သည်။

နှုတ်ခမ်းပါးတွေက အပေါ်သို့ချိတ်ဆွဲတက်ကာ ပြုံးယောင်ယောင်လေးဖြစ်နေပြီး ရှည်လျားသော မျက်တောင်များအောက် ရှိသည့် မျက်ဆံတို့က မဲနက်လို့နေသည်။ အဆုံးသတ်သွားခြင်းမရှိသည့် ထိုနက်ရှိုင်းမှောင်မိုက်မှုမှာ အရာထင်ကျန်သွားခြင်း မရှိသည့် ရွံ့ဗွက်အိုင်နှင့်ပင် ဆင်တူပေသည်။

'ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ အန္တရာယ်ရှိ တိရစ္ဆာန်ကောင်လဲ'

သူက ကျွန်တော့်သေတွင်း(အားနည်းချက်)ကို အမိအရဖမ်းဆုပ်ထားခဲ့ပြီး ကျွန်တော့်မှာ ငြင်းဆိုဖို့လည်း မတတ်နိုင်ပေ။ သို့ဆို ငြင်းဆိုခွင့်ရော ကျွန်တော့်မှာ ရှိသေးရဲ့လား။

ကျွန်တော့်စိတ်အတွင်း ရှက်ရွံ့မှုနှင့် ယှဉ်ပြိုင်တိုက်ခိုက်နေရသည့် အဖြစ်ကို ခံစားရင်း အံကိုတင်းတင်းကြိတ်ထားကာ အတွေးအာရုံတို့သည်လည်း ရှုပ်ထွေးနေခဲ့သည်။

'တကယ်ပါ .... အကယ်၍ ကျွန်တော်သာ အက်ဂ်ရေ့စ်ကို ငြင်းဆိုလိုက်ရင် သူ့ကို လေ့လာဖို့ အခွင့်အရေးတင် ဆုံးရှုံးမှာ မဟုတ်။ အဆိုးဆုံးတစ်ခုက သူတို့မျှော်လင့်ထားတဲ့ ရလဒ်ကို ကျွန်တော့်မရှာတွေ့ထားရင် သည်မတိုင်ခင်ရက်တွေက ကျွန်တော်ဘာလုပ်နေလဲ ဆိုပြီး မေးကြတော့မှာ။ အစောပိုင်းက အကူအညီတောင်းဖို့ ဖုန်းခေါ်ခဲ့တာကြောင့် ရိုင်းလည်း စုံစမ်းစစ်ဆေးဖို့ သေချာပေါက်ကို သွားမည်ပင်။ သူ့ရဲ့ ခေါင်းမာတတ်တဲ့ စရိုက်မျိုးနှင့် ဒါတွေကိုဖုံးကွယ်ဖို့ သုတေသနလုပ်ထားတဲ့ ဘာရှာဖွေမှုမှမရှိရင် ရှက်စရာကောင်းတဲ့ ဤလျှို့ဝှက်ချက်ကို ရိုင်းက အနှေးနဲ့အမြန် သိသွားလိမ့်မည်။

Desharow's MermanWhere stories live. Discover now