Chapter (30)

6.3K 568 114
                                    

Chapter (30)

အဲ့ဒီလျှာက အက်ဂ်ရေ့စ်အခုလေးတင် ကုသပေးခဲ့တဲ့ ဒဏ်ရာတစ်ဝိုက်မှ ဖယ်ခွါခြင်းမရှိဘဲ ထပ်၍ လျက်နေခဲ့ပြီး ယင်းအပြုအမူကပင် ငြိမ်သက်နေသော ကျွန်တော့်ဦးနှောက်ကို တစ်ခါတည်း ပေါက်ကွဲသွားအောင် နှိုးဆွပေးခဲ့သည်။ ဆက်၍ ကျွန်တော့်အတွေးထဲ ပြန်လည်ထင်ဟပ်လာသော ရှက်စရာကောင်းလွန်းသည့် မှတ်ဉာဏ်ဆိုးတွေကြောင့် နားရွက်နှင့် လည်ပင်းပင် ရုတ်ချည်း ပူတက်သွားခဲ့သည်။

အက်ဂ်ရေ့စ်လျှာက ကျွန်တော့် ဒဏ်ရာနားတွင်ပင် မဟုတ်တော့ဘဲ ပြောရန်မသင့်သော နေရာတစ်ချို့အထိပင် နယ်ကျွံလာခဲ့၏။ ကျွန်တော့်တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ့အား ပြင်းပြင်းထန်ထန်ပင် တွန်းထုတ်လိုက်သည်။ သို့ပေမဲ့ ထုံထိုင်းလေးလံနေသော ကျွန်တော့်လက်ကြောင့် တွန်းထုတ်ခြင်းမမည်ဘဲ သူ့ရင်ဘတ်ကို ပွတ်သပ်ပေးသကဲ့သို့ အသွင်ပြောင်းသွားခဲ့သည်။

အက်ဂ်ရေ့စ်က ကျွန်တော့်လက်ကို ဖမ်းဆွဲပြီး မျက်နှာကို လက်ဖဝါးထက်ထိကပ်ကာ ပြင်းပြင်းပြပြအသက်ရှူသွင်းခဲ့၏။ သိပ်ကိုမှ ပျော်ရွှင်နေဟန်ရှိသော အသွင်ဖြင့်။

"တော် တော့ " ကျွန်တော်လက်ကို ခပ်မြန်မြန်ပင် ပြန်ဆွဲယူခဲ့သည်။

"ငါ ကောင်းသွားပြီ။"

"မကောင်းဘူး"

အက်ဂ်ရေ့စ်က မျက်ဝန်းကို အောက်ချကာ ဒဏ်ရာကိုပြန်စိုက်ကြည့်လိုက်သည်။ နက်မှောင်သွားသော မျက်ဝန်းများဖြင့် သူက ခေါင်းကို တဖန်ပြန်ပြီး ငုံ့လိုက်ပြန်သည်။

"တော်ပြီ ... မလုပ်နဲ့တော့ ... ဟေး " ထိတ်ထိတ်ပျာပျာဖြင့် ကျွန်တော့် သူ့ခေါင်းကို တွန်းထားခဲ့သည်။

သို့သော် ကျွန်တော့်လက်နှစ်ဖက်က ကျွန်တော့်ပုခုံးအထက်၌ တင်းမြဲနေအောင် ဖမ်းဆုပ်ထားခြင်း ခံလိုက်ရပြီး ချောမွတ်စိုထိုင်းနေသော အက်ဂ်ရေ့စ်လျှာ၏ တတိတိနှင့် အသည်းယားဖွယ် ခံစားချက်တို့ ထပ်မံပေါ်လာခဲ့သည်။ ထိုအခါ နာကျင်မှုကြောင့် ငုပ်လျှိုးနေခဲ့သည့် အရှက်တရားက အတွေးအာရုံကြောများအထိ ပျံ့နှံ့သွားခဲ့၏။ ကတိုးရနံ့သင်းပျံ့လျက်ရှိသော သူ့ကိုယ်မှထွက်လာသည့် အမွှေးနံ့က ကျွန်တော့်အသက်ရှူနှုန်းကို ရုတ်ချည်းမြန်ဆန်စေခဲ့သည်။ အေးစက်လှသော ရေထဲ၌ နစ်မြှုပ်နေသည့် ကျွန်တော့်ကိုယ်မှာလည်း ချမ်းအေးနေခြင်းမရှိ ဤတစ်ကြိမ်တွင်တော့ အလုံးစုံမှာ ပူလောင်နေခဲ့၏။

You've reached the end of published parts.

⏰ Last updated: Feb 06, 2023 ⏰

Add this story to your Library to get notified about new parts!

Desharow's MermanWhere stories live. Discover now