အခန်း(၁၇)

5.4K 701 71
                                    

အခန်း(၁၇)

တစ်စက္ကန့် ၊ နှစ်စက္ကန့် ..... ကျွန်တော် ရေသူထီးကို အသက်မဲ့စွာစိုက်ကြည့်နေမိပြီး သူ့ခန္ဓာကိုယ်အောက်ပိုင်းမှ အဖြူရောင်အရည်တို့ အလုံးစုံ လွှတ်ထုတ်လိုက်ခြင်းကိုလည်း ကြည့်နေမိခဲ့သည်။ ထိုရေသူထီး၏မျက်နှာထက်၌ ကျေနပ်သွားသော မကောင်းဆိုးရွားအပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး သူ့ကို စိုက်ကြည့်နေမိသည့် အလျောက် ကျွန်တော့်နားရွက်တို့ပူထူလာကာ ပါးနှစ်ဖက်က နှင်းဆီပန်းသဖွယ်နီရဲလာပြီး ထိုအနီရောင်မှ ခရမ်းရောင်သို့ ပြောင်းသွားပြီဟုပင် ... ကျွန်တော် ထင်ခဲ့သည်။

__ ဘုရားရေ .... အဲ့ဒါက ဘာလဲ။ ရေသူထီးကိုလေ့လာဖို့ လုပ်ထားတဲ့ မှန်ကြမ်းပြင်က အခု ငါ့ကို ချောင်းမြောင်းကြည့်မယ့် မျက်ဝန်းတစ်စုံရဲ့ သားကောင်းအဖြစ် ဖန်တီးလိုက်တာလား။ သားရဲကောင်ရဲ့ တပ်မက်ခြင်းအတွက်လေ .... !

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်အတွက်တော့ ဟာသတစ်ခုမဟုတ်ပေ။ အရှက်တကွဲဖြစ်ရပြီး တော်တော့်ကို နေရထိုင်ရခက်စေသည်။ .... သို့ပေမယ့် ဒီနေရာမှာ ကျွန်တော်တစ်ယောက်တည်း ရှိနေခဲ့တာကိုတော့ ကျေးဇူးတင်မိသည်။
ဒီလိုမြင်ကွင်းမျိုးကို တစ်ခြားသူတွေရော မြင်ဖူးကြရဲ့လား။ ကျွန်တော်ကတော့ ဇီဝဗေဒလောကတစ်ခုလုံးရဲ့ ရယ်စရာကုန်ပစ္စည်းတစ်ခု ဖြစ်တော့မှာပင် .... " သုတေသီတစ်ယောက်က သူလေ့လာနေတဲ့မျိုးစိတ်ကနေပြီး လိင်ပိုင်းဆိုင်ရာအတွေးအတွက် အသုံးချခံပစ္စည်းတစ်ခု ဖြစ်ခဲ့တယ်' ဆိုပြီးလေ ၊ ဘယ်လိုတောင် အဓိပ္ပါယ်မရှိတဲ့ အရာလဲ !

ဒါက လုံးဝအမှားတစ်ခုပင်၊ ဒီကိစ္စကြောင့် ကျွန်တော့်စိတ်တွေလွတ်ပြီး သုတေသနပရောဂျက်လည်း ထိန်းချုပ်မရ ဖြစ်လာနိုင်သည်။ သေချာတာက ကျွန်တော့်ဘက်ကနေပြီး ရေသူထီးရဲ့ မှားယွင်းနေတဲ့ ပိုးပန်းခြင်း ကိစ္စကို အမှန်ပြင်ပေးဖို့ လိုကိုလိုနေသည်။ ဘယ်လိုလုပ်ပြီး လူသားတစ်ယောက်ကို .... နောက်ပြီး အမလည်း မဟုတ် !

အက်ဂ်ရေ့စ်က အခုချိန်ထိ မှန်ကြမ်းပြင်အောက်တွင် တဝဲလည်လည်လုပ်နေပြီး သူ့ကိုမြင်နေရသည်မှာ ကျွန်တော့်စိတ်တို့ တကယ်ကို ရှုပ်ထွေးလာရသည်။ ချွေးတို့ရွှဲနေတဲ့ အင်္ကျီက ကျွန်တော့်ကိုယ်၌ ကပ်နေပြီး ထိတွေ့မှုက အလွန်အမင်းကို နေရထိုင်ရခက်စေသည်။
ကျွန်တော်တော့ ကိလေသာလိုက်စားတဲ့ ဒီသားရဲကောင်ကို အခုအချိန်မှာ မျက်နှာချင်းမဆိုင်ချင်သေးပေ။ ဒါကြောင့် အိပ်ရာဘေးမှာရှိတဲ့ ရေချိုးခန်းငယ်ထဲသို့ ကျွန်တော်သွားလိုက်သည်။ သို့ပေမယ့် ကျွန်တော့်မျက်ဝန်းထောင့်နားမှ ကျွန်တော်သွားရာလမ်းကြောင်းအတိုင်း ခြေထောက်အောက်မှလိုက်လာနေသည့် ရေသူထီးကို ရိပ်ကနဲမြင်လိုက်ရသည်။
သူက အစွဲအလမ်းကြီးတဲ့သရဲတစ်ကောင်အလား ကျွန်တော့်နောက်သို့ အရိပ်ပမာလိုက်နေခဲ့သည်။

Desharow's MermanOpowieści tętniące życiem. Odkryj je teraz