(A.n:Thaz**A***6 အတွက် one shotလေးပါ။)
Casts:
ကောင်းရိပ်ထင်၊သူရရိုးဂုဏ်။ရတနသူရစံအိမ်။
မိုးသည်းသည့် ကြား လေကပါ ထပ်တိုး ပေါင်းဖက်ခြင်းကြောင့် ညဉ့်ဦးယံသည် တဝေါဝေါ တဝုန်းဝုန်းနှင့် သံစဉ်ခပ်ပြင်းပြင်း။
စံအိမ်အတွင်း အကြိတ်အနယ်ဆွေးနွေးပွဲမှ မိုးသံ တို့ကို ထွင်းဖောက်လာသည့် အသံလှိုင်းသည် ဩဇာမာန်ပါလှသည်။"အို!လွှင့်ပစ်လိုက်! ယုတ်ညံ့တဲ့သွေးသားကို ဒီစံအိမ်မှာ လက်မခံနိုင်ဘူး!"
လေးဆယ်ကျော်ဟုပင် မထင်ရလောက်သော အမျိုးသမီးသည် ညဝတ်ချည်ထည်နှင့်ပင် ခံ့ထည်လွန်းသည်။
"လွှင့်ပစ်ချေ! ယုတ်ညံ့တဲ့သွေးဟာ ယုတ်ညံ့မှာပဲ ဗီဇဆိုတာ ဖျောက် ဖျက်လို့မရတန်ဘူး သွား သွား ဂေဟာဖြစ်ဖြစ် သွားပို့ချေ"
လည်ပင်းကြောတို့ပင် တင်းလာသယောင် မာန်မဲသံကြောင့် အနှီးထုပ်ကိုင်ထားရသည့် အထိန်းတော်အမျိုးသမီးသည် ပြာယာခတ်ရပြီ။
တစ်လုံးတစ်ခဲနှင့် ဖွေးဥနေသည့် နုနုနယ်ကလေးငယ်သည် ငိုသံပင်မထွက်ဘဲ ငြိမ်ငြိမ်ကလေးရှိနေသည်။
မြင်လိုက်ရုံနဲ့တင် လက်က မချချင်လှသည့် ချစ်မွှေးကလေးက သိပ်ကို အပြစ်ကင်းပါသည်။
ဒီလို နုထွေးကလေးကို စွန့်ပစ်ခိုင်းနေသည့် မယ်မယ်ကြီးသည် ရက် စက် လွန်းလှသည်။"မွေစံ! ပြောနေတာကို ဂရုမစိုက်တာလား ထွက်မသွားသေးဘူးလား အခုထိ!"
မယ်မယ့်ဘေးက ပထမသခင်ေလးကပါ ဝင်မာန်လာပြီမို့။
"မဟုတ်."
စိတ်မကောင်းစွာဖြင့် အမိန့်ကို နာခံရတော့မည်မို့ မွေစံသည် လှည့်ထွက်ရန်ပြင်ရတော့သည်။
"ရပ်လိုက် မွေစံ"
ဘုရားကန်တော့နေ၍ အခုမှ အပေါ်ထပ်က ဆင်းလာသူသည် ညင်သာပေမယ့် မြန်ဆန်တဲ့ ခြေလှမ်းတို့ဖြင့် ဧည့်ခန်းဆီ ရောက်လာခဲ့သည်။
"မယ်မယ် တော်သင့်ပြီ အပြစ်မရှိတဲ့ ကလေးကို ဘာကြောင့် စွန့်ပစ်ချင်ရတာလဲ"
ခပ်ဩဩနှင့် လေးနက်နက်အသံသည် အမျိုးသမီးကြီးကို ပြောလိုက်သော်လည်း ခြေလှမ်းတို့က မွေစံ ပိုက်ထားသည့် အနှီးထုပ်ကလေးဆီ။