Alex is yours Part-B

3.9K 175 17
                                    

Unicode.
!Warning:မီးနီ
Alex is yours(Part-B)

"Bear! မူးယစ်ဆေးဝါးကို မင်း ထိလာတာကတော့ ကိုယ့်ကို သက်သက် စိန်ခေါ်တာပဲကွ"

မူးယစ်ဆေးဝါး။
ဒီနိုင်ငံက လူငယ်တွေအတွက် မစိမ်းသက်သည့် drugsသည် အာရှသားဖြစ်သည့် သခင်အတွက်တော့ တားမြစ်စရာ ခပ်ကြီးကြီး ဖြစ်နေခဲ့သည်။
ကျန်သည့်ကိစ္စများတွင် သိပ်မတင်းကြပ်ပေမယ့် မူးယစ်ဆေးဝါးဟု ခေါင်းစဉ်တပ်မိလျှင်တော့ Alex၏ သခင်က တင်းတင်းကြပ်ကြပ်ကို ထိန်းကွပ်တတ်သည်။
ဒါကို သူ မသိတာမဟုတ်။ သေသေချာချာကို သိခဲ့ရက်ဖြင့် ကျူးလွန်ခဲ့တာဖြစ်သည်။
ဘာလို့လဲဟု မေးလာလျှင် မွေးရပ်မြေဆီ ခေတ္တပြန်သွားသည့် သခင်ကြောင့်ဟု ဖြေမိမည်။
Alexကို ပစ်ထားခဲ့၍ ပျင်းလှပါသည်။ သခင့်အမိန့်တွေနှင့် တစ်ရက်လောက်ဝေးရလျှင်ပင် သူ မနေတတ်။
လွမ်းဆွေးလွန်း၍ မြန်မြန်အလွမ်းပြေမည့် ဒီနည်းလမ်းကို သိသိရက်နှင့် ရွေးခဲ့တာ ဖြစ်သည်။
အခုတွင်တော့ မှန်းဆထားခဲ့သလို သခင်က Alexရှေ့ ရောက်လာခဲ့ပြီ။
မသက်သာသည်ကတော့ အမှန်။ သခင့်ရှေ့မှောက်မှာ Alex ကွယ်ဝှက်လို့ရသည့်အရာဟူ၍ မရှိ။ စိတ်ရော၊ကိုယ်ပါ ဖုံးကွယ်စရာ မကျန်ရစ်ပါ။
Alexအကြောင်း ကောင်းကောင်းသိနေသူက ဘာအတွက် သူ တားမြစ်တာကို ထိတွေ့ခဲ့လဲဆိုသည့်အဖြေကို ကောင်းစွာ ရိပ်မိပြီး ဖြစ်လောက်သည်။
ထိုသိသိရက်နှင့် ဆိုးသွမ်းခဲ့သည့်ဉာဉ့်ဆိုးလေးကို သခင် ကောင်းကောင်းပြုပြင်ပေးတော့မှာ ဖြစ်၍ Alex အတွက် မသက်သာနိုင်ပါ။

"ငြိမ်ငြိမ်နေ Bear ကိုယ် ဒီထက် စိတ်မတိုချင်ဘူး"

မှိုပွင့်လေးကို မရိုးမရွ ဖြစ်စေပြီးမှ နက်ခ်တိုင်ဖြင့် အောက်ဆုံးနားတွင် စည်းနှောင်ခံလိုက်ရသည်က စားရတော့မည့် ထမင်းလုတ်လေး ပုတ်ချခံလိုက်ရသည်နှင့်ပင် အလားသဏ္ဌာန်တူသည်။
ခံရသူ Alexမှာသာ မခံချိမခံသာ အနေမတတ်စွာ လှုပ်ရှားမိတော့ အဆူခံလိုက်ရသည်ကြောင့် ထိန်းချုပ်လိုက်ရတော့သည်။
တင်းတင်းကြပ်ကြပ်လေး ဟန့်တားခံလိုက်ရ သခိုက် တဟင့်ဟင့် အသံထွက်ကာ ဂျီချင်သည့် မူရာလေးကို နှုတ်ခမ်းလေးသာ တစ်ချက်မဲ့ရင်း ထိန်းလိုက်ရတော့သည်။

SpringWhere stories live. Discover now