သော်တာချစ်သော ယောက်ဖ

2.2K 93 20
                                    

သော်တာ ချစ်သော ယောက်ဖ

(၁)

မမ၏ သူငယ်ချင်း အစ်ကိုကြီးသည် မမကို ကြိုက်နေဟန် တူ၏။

(၂)

အိမ်ကို ခဏခဏ လာလည်တိုင်း သော်တာ့ဖို့ မုန့်တွေ ယူယူလာတတ်၏။

(၃)

ပုလဲ ဆိုသော မမနာမည်ကို ပုပုဟု နာမည်ပြောင်ခေါ်တတ်ကာ သော်တာကိုတော့ ကလေးဟု ခေါ်၏။

(၄)

မမ စနောက်သမျှ ချစ်စနိုးဖြင့် ငြင်းခုန်တက်ကာ သော်တာ့ကိုတော့ ခေါင်းကို နာအောင် ပုတ်တတ်၏။

(၅)

စာလာကျက်တိုင်း ဆော့နေတဲ့ သော်တာ့ကိုပါ စာကျက်ဝိုင်းထဲ ဇွတ်ခေါ်တတ်၏။

(၆)

နားမလည်သော ပုစ္ဆာများကို မမက ရှင်းမပြချင်ပေမယ့် ကိုကိုကတော့ သေချာရှင်းပြတတ်၏။

(၇)

ကျောင်းခိုးလစ်ပြီး ဘောလုံးသွားကန်သည့်နေ့က ကိုကိုနှင့် ပက်ပင်းတိုး၏။

(၈)

မျက်ထောက်နီကြီးနှင့် ခပ်တည်တည်မျက်နှာပေးသုံးကာ တစ်လမ်းလုံး ကိုကို ဆူ၏။

(၉)

မမကို ကြိုက်နေ၍ သော့်တာအပေါ် အစ်ကိုကြီးတစ်ယောက်လို ပြုမူနေတာ သေချာ၏။

(၁၀)

ကျောင်းသွားကျောင်းပြန် ကိုကို့စက်ဘီးနောက်ကသာ လိုက်ရတော့၏။

(၁၁)

ဆယ်တန်းဂိုက်သည် ကိုကို ဖြစ်လာ၏။

(၁၂)

စာသင်တိုင်း ကိုကို့ လက်ဆစ်တွေ ခေါင်းပေါ် ပြုတ်ကျတာ အလွန်နာ၏။

(၁၃)

မမနဲ့ ကျောင်းမတူတော့ပေမယ့် စာလာသင်တိုင်း ကိုကို ပျော်နေတတ်၏။

(၁၄)

မမကို ကြိုက်နေတာလား လို့ မထိန်းနိုင်စွာမေးတော့ ကလေးက ကလေးလိုမနေဘူးဆိုကာ နှစ်ချက် ရိုက်ခံရ၏။

(၁၅)

မှန်တာပြောမိ၍ ရှက်ရမ်း ရမ်းကာ အရိုက်ခံရဟန်တူ၏။

You've reached the end of published parts.

⏰ Last updated: Dec 15, 2024 ⏰

Add this story to your Library to get notified about new parts!

SpringWhere stories live. Discover now