Baby, don't do that...

2.1K 130 3
                                    


*Baby, Don't do that...*

Character Name-
Kenzo- wise & strong
Marcus- Referring to the Roman god of war
~*~

"Kenny..ကိုယ် မအားဘူး"

ပြောချင်ရာ ပြောပြီး ဖုန်းချသွားသူကြောင့် Kenzoဒေါသတို့က အထွဋ်အထိပ်။
ဒေါသကြောင့် နံရံဆီ ပစ်ပေါက်လိုက်တဲ့ ဖုန်းက ကွဲအက်သံတို့လည်း kenzoစိတ်ကို မပြေစေ။

ဒေါသကြောင့် တင်းတင်းစေ့ထားသည့် နှုတ်ခမ်းပါးလေးတွေ၊ ဒေါသအရှိန်ကြောင့် မျက်ရည်ဝိုင်းချင်သည့် မျက်လုံးဝိုင်းဝိုင်း၊ ဖြစ်သလို ညှပ်တင်ထားမှုကြောင့် ကပိုကရို ကျနေသည့် ဆံနွယ်တွေ။
ဝတ်ထားသည့် ရှပ်အင်္ကျီခါးအတိ‌လေးကြောင့် လှုပ်ရှားလိုက်တိုင်း ထွက်ပေါ်လာတတ်သည့် ခါးသွယ်သွယ်လေး။ စိတ်ရှုပ်စွာကန်ကျောက်ချွတ်ပစ်ထားသည်ကြောင့် အဝတ်ဖိနပ် မကပ်တော့သည့် ခြေဖဝါးရဲရဲလေး။
kenzoဆိုတဲ့ ဖြစ်တည်မှုတွင် အစိတ်အပိုင်းလေး တစ်ခုကအစ အလှတရား။

သိမ်မွေ့သည်။ နူးညံ့သည်။ အန္တရာယ်များသည်။ ရူးစေသည်။
ထိုသည်မှာ Kenzo၏ ဂုဏ်သတင်းတွေပင်ဖြစ်သည်။

Anni dateကို မေ့နေသည့်အပြင် အနားပင် ရှိမနေသူကြောင့် Kenzo၏ အရွဲ့တိုက်ချင်စိတ်သည် ပေါက်ဖွားလာတော့သည်။

ရေချိုးခန်းဆီ ဝင်လိုက်ရင်း Kenzoမျက်နှာတွင် မဲ့ပြုံးလှလှလေးတစ်ခု ရှိနေခဲ့တော့သည်။

"သ သခင်လေး"

လှေကားကနေ ကြွကြွရွရွလေး ဆင်းလာသည်နှင့် သက်တော်စောင့်တို့သည် ခေါင်းကို ငုံ့ချကာ ပြာယာခတ်ကုန်သည်။

"ကားအသင့်ပြင်ထား!"

"သခင်လေး ဒီလိုပုံစံနဲ့ အပြင်ထွက်ရင်..."

"ငါ့အမိန့်ကို လွန်ဆန်ချင်တာလား Joe!"

သာယာနာပျော်ဖွယ်အသံလှိုင်းတွင် အရှိန်အဝါတချို့ ထည့်သွင်းလာသည်နှင့် Joeတို့ တစ်သိုက် ပို၍ အကြပ်ရိုက်ကုန်ကြသည်။
အမိန့်ဟု သုံးနှုန်းလာလျှင် ဖြေရှင်းချက် ထုတ်မရတော့ပေ။ စံအိမ်ပိုင်ရှင်ပြီးလျှင် အာဏာအရှိဆုံး ပုဂ္ဂိုလ်လေး၏ စကားတစ်ခွန်းသည် သူတို့လို သက်တော်စောင့်များအတွက် သေချာပေါက် မလွန်ဆန်နိုင်။

SpringWhere stories live. Discover now