ရာဟုဖွဲ့တေးဆီသို့...။(U)

1.3K 150 19
                                    

(ဒီshortလေးက ငယ်လေးတစ်ယောက် ရေးခိုင်းတာလေးကို request လုပ်ပြီး နှစ်ကူးအတွက် လက်ဆောင်လာပေးတာပါ။
ကျနော့်ဆီက paid ဝယ်ဖူးတဲ့ ကလေးတွေလည်း Tele accကို ဆက်သွယ်ပြီး သီးသန့်လက်ဆောင်လေးလာယူကြပါဦးဗျ။ နောက်ပြီးတော့ ဒီရက်ပိုင်းအတွင်း မိုရာတို့နဲ့ တစ်ခုခုလာဖို့ ရှိတာကြောင့် အဲ့အချိန်ရောက်ရင်လည်း ပါဝင်ပေးကြဖို့ ကြိုအသိပေးချင်ပါတယ်ဗျ။)

ရာဟုဖွဲ့တေးဆီသို့...။

"လှိုင်းလုံး! တံခါးလာဖွင့်စမ်း!"

အသံသည် ပြန်မလာပါ။ ရာဟုသည် ဒေါသကြောင့် စိတ်အိုက်လာရကာ လည်ပင်းက ကြယ်သီးတို့ကို ဆွဲဖြုတ်မိတော့၏။

"လှိုင်းဖွဲ့တေး!!!"

တဒုန်းဒုန်း ထုကာ ခေါ်ရင်း အတော်ကြာမှ တံခါးက ပွင့်လာသည်။
ဆောင့်ဖွင့်ကာ အထဲ တွန်းဝင်တော့ ရှေ့က သွက်သွက်လျှောက်နေသူက ထိုင်ခုံပေါ်ဝင်ထိုင်သည်။

ဘေးတခြမ်းမြင်နေရသည့်ပုံစံမှာတင် အဖျားကြောင့် ရဲစပ်စပ်ဖြစ်နေသည့် သွင်ပြင်က သိသာ၏။

နံဘေး အမြန်လျှောက်သွားရင်း နဖူးဆီ လက်ဖဝါးတင်တော့ ချက်ချင်းခေါင်းကို တိမ်းသွားသည်။

"ကျစ်! ငြိမ်ငြိမ်နေစမ်း!"

ခပ်မာမာပြောလိုက်မှ မှုန်ကုပ်ကုပ်နှင့် ငြိမ်ခံလာသည်။

"ဒီလောက် ကိုယ်တွေ ပူနေတာကို ပေါ့ပေါ့ဆဆနဲ့! ထစမ်း! အခု! ဆေးခန်းသွားရမယ်"

"မသွားဘူး ဘာမှဖြစ်တာလည်း မဟုတ်"

"လှိုင်းလုံး!"

"ဘာလို့အော်နေတာလဲ! ကျစ်! ကျနော်က ဘာမှ မဖြစ်ဘူးလို့ ပြောနေတာကော!အ! နာတယ်!"

စကားမဆုံးခင် ဂုတ်ပိုးဖြတ်ရိုက်မိတော့ စူးခနဲ အသံက ပိုညံသွားသည်။
သို့သော် ချက်ချင်း မျက်ရည်ဝေ့လာသည့်မျက်ဝန်းတို့ကတော့ မလိမ်ညာတတ်ပေ။
သူ့ဂုတ်ကလေးသူ လက်တစ်ဖက်နှင့်အုပ်ကိုင်ရင်း အသံက မသိမသာ တိုးဖွသွားသည်။
မဆိုးချင်ဘဲ ဆိုးနေရှာသည့်ကောင်လေးက ရာဟုဒေါသထွက်လာလျှင်လည်း ငြိမ်သွားတတ်တာ ရာဟု သိပါ၏။ အတတ်နိုင်ဆုံးမဆူပူမိအောင် ထိန်းကာ ချော့မော့ပြောလျှင် ဘယ်တော့မှ မရ။ ဆူပူမိမှ နည်းနည်းငြိမ်ကုပ်သွားတတ်သည့် ကောင်လေးအကြောင်း ရာဟုက နှောကြေနေခဲ့ပြီ။

SpringWhere stories live. Discover now