သူဌေးကြီး ဦးမိုးဒေဝါ စားပြီ

2K 104 22
                                    

(A.n မွေးနေ့လက်ဆောင် ရေးပေးထားတာ ကြာပါပြီ။ အရေးအသားကြည့်ရုံနဲ့ ဘယ်လောက်ကြာပြီမှန်း ခန့်မှန်းမိကြမယ် ထင်ပါတယ်။ အခုမှ လက်စသတ်ပြီးလို့ မွေးနေ့ရှင်လေးကိုလည်း အားနာစွာ ချော့မော့လိုက်ပါတယ်ဗျ။ ဒီရက်ပိုင်း စိတ်အခြေအနေက စာ ဘယ်လိုမှ မရေးနိုင်ဘဲ ရှိနေလို့ စောင့်နေကြတဲ့သူလေးတွေကို အားနာရပါတယ်။ နောက်လထဲတော့ ကျနော်လည်း အေးဆေးဖြစ်လောက်ပြီမို့ updateတွေ ကြိုကြားကြိုကြား တွေ့ရဖို့ ရှိပါလိမ့်မယ်ဗျ။ ပျော်ရွှင်စရာ တန်ဆောင်တိုင်အခါသမယကို ပိုင်ဆိုင်ကြပါစေ🖤)

*သူဌေးကြီး ဦးမိုးဒေဝါ စားပြီ*

"စက်!! "

အိမ်ထဲ ဝင်လိုက်သည်နှင့် ထွက်လာသည့် ခေါ်သံကြောင့် စက် တောင့်ခနဲ။

"ဗျာ..Daddy"

"ဘယ်အချိန်ရှိပြီလဲ"

တောင့်တင်းသွားသည့် ကိုယ်လုံးလေးကို မသိသာစေရန် ထိန်းပြီး အချိန်မဆိုင်းဘဲ ပြန်ဖြေလိုက်တော့ ခပ်ဆတ်ဆတ်အမေးတစ်ခွန်း ပြန်ရသည်။

"၁၀နာရီပဲ ရှိသေးတာပါ Daddyရာ"

အသံကို ပေါ့ပေါ့ပါးပါးဖြစ်အောင် ကြိုးစားပြောလိုက်ပေမယ့် မပေါ့ပါးနိုင်တာ ကိုယ်တိုင်သာသိသည်။
မသိမသာလေး Daddy ထိုင်နေသည့်နံဘေး ကပ်ချွဲမည့် ရည်ရွယ်ချက်ဖြင့်ဝင်ထိုင်လိုက်သည်မှာ အရဲကိုးလိုက်ခြင်း။

"မင်းကို ဘယ်သူက ထိုင်ခိုင်းလဲ"

"ဗျာ ဟုတ် မထိုင်တော့ဘူးဗျ"

ထိုင်ထိုင်ချင်း ပိတ်ဟောက်ခံလိုက်ရသဖြင့် စက် ပါးစပ်ကလည်း လေပြေလေးနှင့် ‌ပြန်ပြောကာ ထရပ်လိုက်ရသည်မှာ ချက်ချင်း။
သောက်လာသူက ဟောဒီက စက်ပါ။ဘာကြောင့် Daddyက လာ ရစ်နေရတာလဲ မသိ။
ရီဝေဝေ အမြင်အာရုံတွေကြား မရီဝေနေသည့် တစ်ခုတည်းသောအရာက ဒေါသမံထားသည့် Daddy ရုပ်တည်ကြီးပင်။

"မင်းကို ငါ ဘယ်နှနာရီ အလွန်ဆုံးလို့ ပြောထားလဲ မိုးစက်ဝေ!"

ပို၍ မာထန်သည့် အသံသည် ထပ်မံရိုက်ခတ်လာတော့ မျက်လုံးကို ယောင်၍ စေ့မှိတ်လိုက်မိသေးသည်။

SpringWhere stories live. Discover now