My Brain isn't Your Snack❗
1.2K 60 2
My Brain isn't Your Snack❗
BD Accမှာ တင်ထားတဲ့ fiction၊ ရေးခဲ့သမျှ Project က shortတွေ၊ paid storyတွေနှင့် လက်ခံခဲ့ဖူးတဲ့ commission storyတွေ ( publishလုပ်ခဲ့တဲ့ fiction ရော၊ publish မလုပ်ထားဘဲ private ကနေ ပို့ပေးလိုက်တဲ့ fiction တွေအပါ) အားလုံးကနေ တစ်စိတ်တစ်ပိုင်းလေးတောင် ကူးယူခြင်း မပြုကြဖို့ မေတ္တာရပ်ခံပါတယ်။❗❗❗
ဟ! Punishment typeရေးနေကြတာပဲ ဒီလို ဆူတဲ့ငေါက်တဲ့နေရာ၊ ဒီလို အပြစ်ဒဏ်မျိုး၊ ယုတ်ဆွအဆုံး ငိုသံအထိ ဒီလိုမျိုးတွေပဲ လာမှာပေါ့လို့ မင်းတို့မှာ ထောက်ပြစရာ ရှိပါတယ်။
လက်ခံပါတယ် အဲ့လိုအနေအထား အဲ့လိုအခြေအနေတွေမှာ အသုံးအနှုန်း တစ်ထပ်တည်း ကျနိုင်တာမျိုးတောင် ရှိနိုင်တာကို ကျနော် နားလည်ပါတယ်။
ဒါပေမဲ့...မမေ့ပါနဲ့။
စာရေးသူ တစ်ယောက်ချင်းစီတိုင်းမှာ သူ့ကိုယ်ပိုင်ဟန်ဆိုတာ ရှိပါတယ်။
မူပိုင်အရေးအသား ရှိပါတယ်။
မူပိုင် vibe ရှိပါတယ်။
စာရေးသူတစ်‌ယောက်က သူ့အရေးအသား၊ သူ့အသုံးအနှုန်း၊ သူ့ဟန်ကို ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်လိုအရောအနှောမှာ ဖြစ်စေ သူတို့ သိကြပါတယ်။ ခွဲခြားတတ်ပါတယ်။
စာရေးတဲ့သူမှ မဟုတ်ဘူး။ စာဖတ်သူတွေလည်း သိကြတာပါပဲ။
ဟာ ဒီအရေးအသားကတော့ ဘယ်‌authorဟေ့ဆိုတာမျိုး၊ ဟာ! ဒီလို vibeကတော့ ဒီauthorမှ ဒီ‌authorပဲဟေ့ ဆိုတာမျိုးပေါ့။
ဒါကြောင့် ကူးယူခြင်း သည်းခံကြပါခင်ဗျာ။
ကျနော့်အရေးအသား ကျနော် သိပါတယ်။
ကျနော့် ကိုယ်ပိုင်ဟန် ကျနော် သိပါတယ်။ ကျနော့် vibe ကျနော်သိပါတယ်။
ကျနော့်အသုံးအနှုန်း ကျနော်သိပါတယ်။
ဘယ်လိုမျိုး ဆင်တူယိုးမှား ယူထားပါစေ ကျနော် သိပါတယ်။ ခွဲတတ်ပါတယ်။
ဘာလို့ ဒီလို ကြီးကြီးကျယ်ကျယ်ပြောနေတာလဲ ဟေ့ကောင်ဆို။
ဟုတ်ကဲ့ ကျနော်က ကြီးကြီးကျယ်ကျယ် ပြောနိုင်ပါတယ်။ ကိုယ်ပိုင် စိတ်ကူးစိတ်သန်းကနေ ကိုယ်တိုင် အချိန်ယူပြီး သေချာဖန်တီးခဲ့ရတာတွေမို့လို့ ကျနော်က ပြောနိုင်ပါတယ်ခင်ဗျ။
ဒီလောက်ပါပဲ။✌️🖤
#BD
My Brain isn't Your Snack❗
ဒါပေမဲ့...မမေ့ပါနဲ့။
မူပိုင် vibe ရှိပါတယ်။
ဒီလောက်ပါပဲ။✌️🖤
#BD
SpringWhere stories live. Discover now