Alex Is Yours(Final)Z

635 9 1
                                    

Alex is yours.
Part-C(Final)

Warnings- Whipping,Nipple clamps,cum control.

°သခင်က မှန်သားပြင်တွေကို သဘောကျတယ်။
ကျွန်တော့်ရဲ့ ညစ်တီးညစ်ပတ်ပြိုလဲနေမှုတွေ မှန်သားပြင်ပေါ် ထင်ဟပ်နေတာကို ပိုပြီးနှစ်ခြိုက်သေးတယ်°

မှန်နံရံပြင်ပက နေရောင်ခြည်က တစ်ဘက်တိုက်မြင့်တွေဆီ ဝင်းဝါစွာ ကျရောက်နေ‌‌သည်။

ဖွံ့ဖြိုးပြီးသည့် နေရာဒေသတွေမို့ အထပ်မြင့်အဆောက်အဦတို့ အပြိုင်ရှိနေကြတာ မထူးဆန်းပေ။
သို့သော် တစ်ဘက်တိုက်တွေဘက် ဦးလှည့်ကာ ညစ်တီးညစ်ပတ်ကစားခံရတော့မည့် Alexအတွက်တော့ ရှက်စိတ်သည် တစ်ကိုယ်လုံးသို့ ရောက်ရှိနေပြီ။
ပုံမှန်အားဖြင့် Alexက ရှားရှားပါးပါးကို သိပ်ရှက်တတ်လွန်းသည့်လူငယ်လေးတစ်ယောက်ပင် ဖြစ်သည်။

စေစားရာသခင်နှင့်မှ အရဲစွန့်၍ အရှက်တရားတို့ခွာချခဲ့ရပေမယ့် လက်ကျန်ရှက်ဖွယ်ခံစားချက်လေးတွေကိုတော့ Alexမတွန်းထုတ်နိုင်သေးပေ။
ဒါကိုသိသည့် သခင်သည် Alexကို အရှက်ကင်းမဲ့ခြင်းဖြင့် အားအင်ကုန်ခမ်းစေတတ်သည်။
ထိုသို့‌အားအင်ကုန်ခမ်းစေခြင်းတွင် သာယာခြင်းတို့ ရောပြွန်းနေသေးသည့် Alex အဖြစ်သည် ပင့်ကူအိမ်တွင် ငြိနေသည့် ပိုးကောင်လေးပမာ မလှုပ်သာ၊မလူးသာ။

"ထ! လာခဲ့ Bear"

သနားခံဟန် မျက်ရည်ဝိုင်းသည့်အကြည့်လေးဖြင့် လှမ်းကြည့်လိုက်ပေမယ့် သခင်က မသိဟန် မျက်နှာလွှဲသွားသည်။
ကျောနောက်ဘက်ဆီ နှောင်တွယ်ခံထားရသည့် လက်နှစ်ဘက်ကြောင့် Alex ထရပ်ဖို့ကို အတော်ကလေး အချိန်ယူကာ ဟန်ချက်ထိန်းလိုက်ရသည်။
Alexထရပ်လိုက်နိုင်သည့်အချိန်တွင်ပင် ကုလားထိုင်တစ်လုံးကို မှန်နံရံနှင့်မျက်နှာချင်းဆိုင် နေရာချလိုက်သည့် သခင်။

ထို့နောက်တော့ Alexရှိရာဘက် မေးဆတ်ပြလိုက်သည်ကြောင့် အလိုက်တသိ ထိုခုံတွင် ဝင်ထိုင်လိုက်ရသည်။

ထိုင်ခုံလက်တန်းနှစ်ခုပေါ် တစ်ဘက်စီ အတင်ခံလိုက်ရသည့် ပေါင်တံသွယ်သွယ်တို့သည် မျက်နှာကို ပို၍ အနီရောင်ကဲစေသည်။

SpringWhere stories live. Discover now