စာကြမ်းပိုးလေးက ကျနော့်ကို ဆူတယ်

3.1K 180 49
                                    

*စာကြမ်းပိုးလေးက ကျနော့်ကို ဆူတယ်*

(ဒါလေးက နှစ်ဆန်းတစ်ရက်နေ့တုန်းက လက်ဆောင်ပေးမယ့်နှစ်ပုဒ်ထဲက တစ်ပုဒ်ပါ။
@Sulay866ဆိုတဲ့သူလေး တောင်းထားတဲ့ ficကလေးပါ။ အရမ်းကြာသွားလို့လည်း ပြောမပြတတ်အောင် အားနာရပါတယ်။ ‌နောက်တစ်ယောက်ကိုလည်း ပိုပြီး အားနာပါတယ်။ မရှေးမနှောင်းကာလအတွင်း နှစ်ပုဒ်လုံးပြီးအောင် ရေးပေးပါ့မယ်။
မနက်ဖြန်အတွက် အိမ်ထဲကနေ အပျင်းပြေအောင်လို့ ဒါလေး အပ်ပေးလိုက်ပါတယ်။ အပိုင်းဆက်ကိုလည်း မနက်ဖြန်ည တင်ပေးပါ့မယ်။ ဂရုစိုက်ကြ ကိုယ့်လူတို့🖤)

Part A

"ဟေ့ စာကြမ်းပိုးလေး! ဟေ့ မှောင်ကြန် မှန်ကြောင်"

တစ်ဘက်အိမ်ကနေ စနောက်နေတဲ့ အသံပြဲကြီးက သုတ စာကြည့်ခန်းဆီ တိုးပေါက်ဝင်လာသည်။

အံကို တင်းတင်းကြိတ်ပြီး ပြတင်းကနေ တစ်ဖက်အိမ်ကို ကြည့်လိုက်တော့ သူ မဟုတ်သလို တစ်ဖက်လှည့်နေသည့် အဖြူရောင်အရိပ်။

သက်ပြင်းကို ဟင်းခနဲ မြည်အောင် ချရင်း သုတ ကြည့်လတ်စ စာအုပ်တွင်သာ စိတ်ကို စုစည်းလိုက်တော့သည်။

"ကြမ်းပိုးတွေက ဘယ်က ရောက်တယ် မသိဘူးကွာ အလွန်ကိုက်ပါလေရော တင်ပါးတွေကို ပူထူနေပြီ အာ ကြမ်းပိုးတွေထဲ စာကြမ်းပိုးကတော့ ကျောက်ရုပ်လေးလိုပဲဗျ အဟားဟား"

ထပ်မံလွှင့်ပျံလာပြန်သည့် ခြံစည်းရိုးတစ်ဘက်ခြား မျက်နှာချင်းဆိုင်အခန်းက အသံ။

စိတ်ထဲ တင်းခနဲ ဖြစ်ကာ ပြတင်းပေါက်ကို ဂျိန်းခနဲ‌မြည်အောင် သုတဉာဏ် ထပိတ်လိုက်တော့သည်။
အာရုံတွေနောက်လွန်းလို့။

အာရုံနောက်ကရသည့် ထိုအရှုပ်ထုပ်ကြီးသည် သုတဉာဏ်ထက် သုံးနှစ်ကြီးသည့် ဆယ်တန်းအကိုကြီး။

ဆယ်တန်းဟုသာ ပြောသည် ထိုအရှုပ်ထုပ် စာကြည့်နေသည်ကို သူ တစ်ခါမှ မမြင်ဘူးပါလေ။

အမြဲအပေါင်းအသင်းတစ်သိုက်နဲ့ ဟေးလားဝါးလားနေကာ အိမ်တွင် ရှိနေချိန်တွင်လည်း တီဗီရှေ့ ရောက်လိုက်၊ MP4ကို တကုတ်ကုတ်နှိပ်လျက်၊ နားကြပ်ကြီး ခေါင်းမှာစွပ်လျက် ပေါကြောင်ကြောင် အကတွေ ခုန်ပေါက် ကနေတတ်သည်။

SpringWhere stories live. Discover now