ကံ့ကော်တွေလား ဩဥသံချိုအောက် ဆိတ်ခဲ့ရပေါ့။
နှစ်။
"ဩဩ~~"
အဖျားတွင် တမင်တိမ်ပြသွားသည့်အသံမျိုးဖြင့် ကံ့ကော်ဘဝတွင် တစ်ခါမှ မပြောဆိုခဲ့ဘူး။
ဒေါ်ဩဥချိုနှင့်မှ မပြောဖူး၊ မလုပ်ဖူးတာတွေ လုပ်နေမိသည့် ကိုယ့်ကိုယ်ကိုယ်လည်း အံ့ဩရပါသည်။"ဩဩလို့!"
"လေသံကို ပြင်! မျိုးကံ့ကော် တို့ မင်းနဲ့ ရွယ်တူမဟုတ်ဘူး!"
ခပ်တင်းတင်းပြောလာသည့် အသံအောက် ကံ့ကော်မျက်ဝန်းတို့ ဝိုင်းခနဲ။
ပိုင်ဆိုးပိုင်နင်း လာဖိဟောက်နေသူက တခြားသူဆိုလျှင် ကံ့ကော်နှင့် တစ်ပွဲတစ်လမ်းပင်။ သို့သော် သူ၏ ချွင်းချက်ကလေးဖြစ်နေသည်ကြောင့် မျက်လွှာသာ အသာချလိုက်မိသည်။"ပြော! ဘာဖြစ်လဲဆိုတာ"
အလုပ်စားပွဲမှ ကိုင်ထားလတ်စ ပေတံနှင့် ခဲတံကို ချကာ အလိုမကျဟန် မေးလာပြန်သည်။
"ကောက်နေသေးတယ်လို့ မဖြောင့်ဘူး"
"မဖြောင့်ရင် ထပ်လေ့ကျင့်လေ မင်းကို တို့က အတင်းအကျပ် ခေါ်သင်ထားတာမို့လို့လား မင်းဘာသာ တို့ တားနေတဲ့ကြားက သင်မယ်သင်မယ် ဇွတ်တိုးခဲ့တာလေ"
ကိုယ့်အကြောင်းကိုယ်သိဟူသည့် မျက်ဝန်းအကြည့်ဖြင့်ပါ မျက်စောင်းတစ်ချက်ဝင့်ကာ ခပ်တင်းတင်း ဆိုလာသူကြောင့် ကံ့ကော်အမှန်တကယ် အကြပ်ရိုက်ရသည်။
"အိပ်ချင်နေတာ အရမ်း"
"ကျစ်!"
နုနုယွယွအလုပ်တွေနှင့် မကိုက်ညီသည်ကြောင့် သူ တကယ် မတတ်ကြွပါ။ သို့သော် ထိုစေစားရာလေးနှင့် အမြဲအနေနီးဖို့လမ်းစသည် နုနုယွယွတို့ ဖြစ်နေသည်ကြောင့် တားမြစ်နေသည့်ကြားက သူ ဇွတ်လုပ်ခဲ့တာဖြစ်သည်။ သို့သော် ထင်သလောက်မလွယ်ကူသည့်အပြင် သူနှင့်လုံးဝ စိမ်းသက်သည့်နယ်ပယ်။ ထို့အပြင် သူ့အာရုံတို့သည် သူ၏ ဩဩဆီတွင်ပင် ရောက်နေသည်မို့ ပို၍ ရှေ့မရောက်ပေ။ ထို့ကြောင့်ပင် အလုပ်မတွင်ဘဲ ပျင်းလည်းပျင်းလာသည်။
"မင်း အိပ်ချင်ရင် သွားအိပ်လိုက် အေး! ဒီညအတွက် ဒီအခန်းထဲက ထွက်သွားပြီးရင်တော့ နောက်ဘယ်တော့မှ လာ မသင်နဲ့!"