Forbidden love

1.7K 61 0
                                    


(ဒါကလေ noteထဲ ပြန်မွှေရင်း ပြန်တွေ့လာလို့ ရေးမိခဲ့မှန်းတောင် မေ့နေတာ🤣
အဲဒါရေးတုန်းက လုံးဝ ကလေးပေါက်စ ph bill ရမယ်ဆိုတဲ့ postတစ်ခုအောက်မှာ သွားရေးခဲ့တာကွာ တစ်နေရာရာမှာ သိမ်းချင်လို့ Spring မှာပဲ တင်လိုက်ပါတယ်)

သူရဲ့ နာမည်က စည်း။

ဘာလို့ နာမည်က စည်း ဆိုပြီး ဖြစ်နေခဲ့ရတာလဲ မေးမိတော့..

"မားနဲ့ ပါးအတွက် ငါက အစည်းအတားတစ်ခုတဲ့။မားက ငါ့ကို စည်း ဆိုတဲ့ နာကျင်ဖွယ် မျဉ်းတစ်ကြောင်း ဆွဲစေခဲ့တယ် ငါ့နာမည်မှာပေါ့"တဲ့။

မျက်ရည်အဝိုင်းသားနဲ့ ပြောပြခဲ့ဖူးတဲ့ စကားသံလေးက နားထောင်ခဲ့ရသူရဲ့ ရင်ကိုတောင် နာကျင်စေတယ်ဆိုရင် ကိုယ်တိုင် ခံစားခဲ့ရတဲ့ သူရဲ့ ရင်ထဲ ဘယ်လောက် နာကျင်နေခဲ့မလဲ။

ရည်မှန်းချက်ကို ဦးစားပေးခဲ့တဲ့ မိဘတွေ ကြားမှာ လိုရာပန်းတိုင်ကို မရောက်ခင် စည်း ဖြစ်တည်လာတော့ အဟန့်အတား ဖြစ်ခဲ့ သည်တဲ့လေ။ အပြစ်တင်ခဲ့ကြသည်တဲ့။ မိဘက မကြည်ဖြူ တဲ့ ကလေး က အဘွားဖြစ်သူရဲ့ လက်ပေါ်မှာပဲ ကြီးခဲ့ရသည်တဲ့လေ။
ဒီကောင်လေးငယ်ငယ် ဘယ်လောက် နာကျင်နေခဲ့မလဲ။
ငါမတွေးတတ်တော့ဘူး ။ ငါသိတာက ဒီကောင်လေး နာကျင်နေတာကို ငါ မမြင်ရက်ဘူးဆိုတာကိုပဲ။

ငါရဲ့ နာမည်က စစ်။
စစ်ပွဲလို့ အဓိပ္ပါယ်ယူလည်း ရတယ်။
ငါက ပတ်ဝန်းကျင်ကိုလည်း သိပ်ထည့်တွက်တဲ့ ကောင်မဟုတ်ဘူး။
ငါလိုချင်ခဲ့ရင် ရအောင် ယူရမှ၊ငါဖြစ်ချင်တဲ့အရာ ဖြစ်ရမှ ။

ဒါပေမယ့်....

ကောင်လေးတစ်ယောက်ကိုသိခဲ့ရတဲ့နောက်မှာ ငါ့ရဲ့ စိတ်တွေ ခက်ခဲသွားခဲ့တယ်။

ပြတ်သားပါတယ်ဆိုတဲ့ စိတ်တွေက ကောင်လေးရဲ့ မျက်ဝန်းကြည်တောက်တောက်လေးတွေမှာ နှောင့်နှေးခဲ့ရတယ်။

ငါ ကိုယ့်စိတ်ကို ထိန်းတယ်။
ငါကိုယ့်ဘာသာ အကြိမ်ကြိမ် ပြန်ဆန်းစစ်ခဲ့တယ်။
ငါ ကောင်လေးကို မတွေ့ဘဲလည်း နေခဲ့တယ်။
သူ့ကို မတွေ့ရတဲ့နေ့ သူ့မျက်နှာကို မမြင်ရတဲ့နေ့ဟာ ငါ မုန်ယိုတဲ့နေ့ပဲ။
မျက်လုံးထဲ မြင်သမျှက တစ်ခုမှ အချိုးမပြေတဲ့အပြင် ငါ အကုန် လုံးကို ဝုန်းဒိုင်းကြဲ ဖျက်ဆီးပစ်ချင်ခဲ့တဲ့အထိပဲ ငါ့အခြေအနေက ဆိုးဝါးခဲ့တယ်။

SpringWhere stories live. Discover now