"သော်ကနီထွေး"
အစ။"ဖြန်း!"
"အား! နာတယ် ဦးစည် နာနေပါပြီ"
"ရန်ဖြစ်လာတုန်းကကျ နာမှာ မကြောက်ဘူးမလား ဟမ်"
"ဖြန်း!!"
"အား! ရန်ဖြစ်တုန်းက သူများကိုပဲ ချလာတာ အခုက ကိုယ်က အချခံနေရတာ နာတယ်! အင့်"
"ဘာ! မင်းက ငါ့ကိုပါ ပြန်ချချင်နေတာလား "
"အား!! မဟုတ်ပါဘူး "
ခြံထဲမှာပင် ဆူညံနေသည့် အသံတွေသည် အလုပ်သမားတွေဖို့တော့ မထူးဆန်းတော့ပေ။
ဒီအိမ်ရဲ့ ဩဇာညောင်းသူနှင့် အိမ်ရဲ့ဆည်းလည်းသံတို့ ထိပ်တိုက်တွေ့ချိန်တိုင်း တဖြန်းဖြန်းအသံနှင့် အော်ငိုသံပြဲပြဲတို့က ကြားနေကျလိုပင်ဖြစ်နေသည်။
ကြိမ်လုံးတစ်ချောင်းဖြင့် လူပျိုပေါက်ကို ကလေးငယ်လို ဆုံးမနေသူနှင့် ကြီးကောင်ကြီးမားနှင့် ကလေးတွေလို အော်ဟစ်ငိုနေသူ။
သူ့အရှိန်နှင့်သူတော့ လိုက်ဖက်နေသား။လက်မောင်းကနေ ဆွဲလှည့်ကိုင်ထားခံရကာ တင်ပါးပေါ် ဗြောတင်ခံနေရသည့် သော်ကနီ အဖြစ်က လူရယ်စရာဖြစ်နိုင်ပေမယ့် နာကျင်မှုက ရယ်စရာမဟုတ်။
တစ်ချက်ပြီး တစ်ချက် ခပ်စိပ်စိပ်ကျလာသည့် ပူထူမှုက တင်ပါးအပြည့်။
ဒါတွေသည် ညက ဖြစ်ခဲ့သည့် ရန်ပွဲ အကျိုးဆက်ကြောင့်။
လက် က အညိုအမဲအကွက်ကို ဦးစည် မြင်သွားရာကနေ ရန်ဖြစ်သည့်အကြောင်းဝန်ခံလိုက်ရတော့ ကြိမ်လုံးဆွဲကာ ထရိုက်ခံလိုက်ရသည်။
"မင်း ကားကို ငါ သိမ်းမယ် သော်ကနီ လမ်းထွက်ဖို့ ပြင်ကြည့် မင်းခြေထောက်တွေ ငါ ရိုက်အချိုးပဲ"
ကြိမ်လုံးကို ခြံထောင့် လွှင့်ပစ်ကာ ကားပေါ်တက်သွားသူသည် ကြိမ်းဝါးသွားဖို့တော့မမေ့ခဲ့။
ထိုကား ခြံထဲက ထွက်သွားသည်နှင့် သော်ကနီသည် အင်္ကျီအိတ်ကပ်ထဲက ဖုန်းကို ထုတ်ရင်း"ဟယ်လို ဟေ့ကောင်တွေ ငါ လာလို့ မရတော့ဘူး အဟင့် ဒါပဲ "
ငိုသံပါကြီးဖြင့် ဖုန်းပြောကာ ပြောချင်ရာပြောပြီးသည်နှင့် ချကာ အိမ်ထဲဝင်ခဲ့သည်။