Naughty and Stubborn boy who loves the snow(U)

2.7K 154 22
                                    

Naughty and Stubborn boy who loves the snow.

Jame,Lucas and Daniel.
Two Dom and one sub.

ဆောင်းဝင်လာသည့် ရာသီဥတုတွင် နှင်းတို့က ဖွေးဖွေးလှုပ်ကာ အေးချမ်းခြင်းတို့ကို ဖိတ်ခေါ်သည်။

နှင်းဖုံးနေသည့် ခေါင်မိုးဖွေးဖွေးလေးတွေ၊ နှင်းပွင့်လေးတို့ နားခိုနေသည့် သစ်ပင်အုပ်အုပ်တွေ၊ ခပ်ဖွဲဖွဲကျနေသည့် နှင်းမိုးတွေ။
အရာအားလုံးက အချိတ်အဆက်မိမိ ပနံရနေကာ လှပ‌ခြင်း၊ နှစ်လိုဖွယ်ကောင်းခြင်းတို့ ပြည့်နှက်နေသည့် တောင်ခြေမြို့ငယ်လေး။

မီးခိုးခေါင်းတိုင်နှင့် အုတ်နီနီတို့ဖြင့် တည်ဆောက်ထားသည့် ခြံဝန်းကျယ်ကျယ်လေးသည် တောင်ခြေမြို့လေးရဲ့ အစွန်နားတွင်တည်ရှိ၏။

ထိုအိမ်နီ‌လေးသည် အမြဲလိုလို ချစ်စဖွယ်အငွေ့အသက်လေးတွေ ရှိနေတတ်ပြီး ခရစ္စမတ်တွင်လည်း အလှပဆုံး အလှဆင်ကာ ကလေးလေးတွေအတွက် လက်ဆောင်ထုပ်လေးတွေ ပြင်ဆင်ပေးတတ်သည်။
ထိုချစ်စဖွယ် စံအိမ်အသေးစားလေးတွင် လူသုံးယောက် နေထိုင်၏။

မြို့ရဲ့ အားကိုးအားထားပြုရသည့် တစ်ခုတည်းသော ဆေးခန်းငယ်၏ ဆရာဝန်လေး။

အမြဲ တည်ကြည်လေးနက်သော အကြည့်တို့တွင် နွေးထွေးခြင်းဟူသော အရိပ်အငွေ့တို့ပြည့်နှက်နေသည့် အပြုံးချိုချို ဆရာဝန်လေးဖြစ်၏။

နာမည်ကား Daniel ။

နောက်တစ်ယောက်သည်တော့ Lucas ...။
အသက်မွေးဝမ်းကျောင်းက ကုန်သည်။ အအေးပိုင်းဘက်က ထွက်သည့် ဒေသထွက်ပစ္စည်းတို့ကို မြေပြန့်ဘက်ပိုင်းသို့ ရောင်းဝယ်ပေးတတ်ကာ မြို့ငယ်လေး၏ စီးပွားရေးကို အထောက်အကူပြုပေးသူလည်း ဖြစ်၏။
တစ်ဖန် မြေပြန့်ဘက်ကနေ လိုအပ်သည့် ဆေးဝါးမှ စ၍ အအေးပိုင်းတွင် ရဖို့ခဲယဉ်းသည့် ကုန်ပစ္စည်းတို့ကို ပြန်လည် သယ်ယူ ရောင်းချပေးသည်။

ကုန်စုံဆိုင်လေးအဖြစ်သာ ဖွင့်ထားပေမယ့် မြို့ငယ်လေး၏ အလယ်တွင် နေရာယူထားသည့် ထိုဆိုင်ကလေးကကလည်း မြို့သူမြို့သားတို့၏ အားထားရာတစ်ခု။

နောက်ဆုံးတစ်ယောက်သည်တော့ တစ်မြို့လုံး၏ အချစ်တော်လေး ဖြစ်၏။

SpringWhere stories live. Discover now