[10.C]

1.3K 264 40
                                        

[Zawgyi]

" မင်း… သူများတွေလို မိဘမဲ့ဂေဟာတွေဘာညာ
လုပ်အားပေးမသွားဘူးလား… "

အမေးတစ်ခုအောက်တွင် လှုပ်ရှားမှုသဲ့သဲ့ပင်ဖြစ်တည်
မလာခဲ့…။ ခြံထဲက ခုံပေါ်ထိုင်သည့်အချိန်ကတည်းက
သူ့အာရုံတစ်ခုလုံးရောက်ရှိနေသော ထိုစာအုပ်ကို
ဖတ်မြဲဖတ်ဆဲပင်…။

" Chanyeol… ငါ မေးနေတာကြားလား "

" မသွားဘူး "

အဖြေက ခပ်ပြတ်ပြတ်…။
ပန်းပင်များကို ရေလောင်းနေသော Baekhyun
မျက်နှာ မှုန်သုံသုံဖြစ်သွားသည်။

လက်ထဲက ကိုင်ထားသော ရေပိုက်လေး အောက်သို့
အနည်းငယ်ငိုင်းလျှောသွားပြီး ဖြတ်ခနဲ ပြန်တက်လာ
၏…။ Baekhyunက ထိုသို့ လွယ်လွယ်နှင့်
အလျှော့ပေးတတ်သူမဟုတ်…။

" ဘာလို့လဲ…
မင်းတို့လို စာရေးဆရာတစ်ချို့တွေဆို သူတို့ထွက်ထား
တဲ့စာအုပ်လေးတွေနဲ့ မိဘမဲ့ကလေးတွေကို
သွားသွားလှူနေကြတာလေ… "

" ငါ့စာအုပ်တွေကို ကလေးတွေနားမလည်ဘူး… "

စာမျက်နှာနောက်တစ်ရွက်ကို လှန်ရင်းပြောလာသော
Chanyeolသည် သူ့ခြံထဲတွင် ရေလောင်းနေသော
Baekhyunအားလည်း တစ်ချက်မျှပင် မော့ကြည့်
မလာခဲ့…။

ထို့အပြင် မိဘမဲ့ကျောင်းကိုသွားရန်အစီအစဉ်ကိုလည်း
လက်သင့်မခံလာခဲ့…။

" ဒါပေမယ့် Chanyeolကလည်း…
တခြားစာအုပ်လေးတွေဝယ်ပြီးသွားလို့ရတယ်လေ…။
မင်းက ဘာဖြစ်လို့ မသွားချင်တာလဲ… "

စာဖတ်ခြင်းထဲ အာရုံအတော်စိုက်နေရသည့်ဟန်ဖြင့်
Chanyeol မျက်နှာက တဖြည်းဖြည်း မျက်မှောင်
ကြုတ်လာ၏…။ စာတစ်ကြောင်းဖတ်နိုင်ဖို့အရေး
ရေလောင်းနေသောကောင်ငယ်လေးစကားကို မေ့မေ့
ဖျောက်ဖျောက်လုပ်နေရသည်က အတော်ခက်ခဲနေ
သည်…။

" Chanyeolလို့! "

" ကလေးတွေ မချစ်ဘူး… "

ထို့ထက် ထပ်ရှင်းသောအဖြေမရှိတော့။
Chanyeol ကလေးမချစ်တတ်တာ သိထားသော်
ငြား…Baekhyun ထပ်မံပြီးတော့တော့ အတွန့်
တက်ကြည့်လိုက်သေးသည်…။

"ဒါပေမယ့် မင်း ဟာရူလေးကိုတော့ ချစ်တယ်လေ "

Chanyeol သက်ပြင်းချလာ၏…။
ဖတ်နေသောစာအုပ်မှ အကြည့်ခွာလာသည်။ သို့သော်
Baekhyunကိုလည်း ကြည့်မလာ…။
ဟိုးတစ်ဖက်မှ မြင်နေရသော အထပ်မြင့်အဆောက်
အဦကိုသာ မမှိတ်မသုန်ကြည့်နေ၏…။
Baekhyun လိုချင်သည်ဟု ပြောခဲ့ဖူးသော
အဆောက်အဦဟု ဆိုရမည်။

ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]Место, где живут истории. Откройте их для себя