[11.B]

1.1K 231 15
                                        

[Zawgyi]

ရေခဲသေတ္တာအပေါ်ထောင့်စွန်းတွင် Cဟူသော သံလိုက်ကပ်ခွာလေးကိုမြင်နေရသည်။ Bဟူသော
ထိုကဲ့သို့ သံလိုက်ကပ်ခွာလေးလည်း မိမိအိမ်က
ရေခဲသေတ္တာတွင် ကပ်ထားမိသည်ကို Baekhyun
တဆက်တည်းသတိရလိုက်မိ၏…။

အသံထွက်သည်အထိ နှာခေါင်းကိုတစ်ချက်ရှုံ့မိတော့
ရေနွေးလောင်းထည့်နေသော အရှိန်တစ်ခုက
အနည်းငယ်တုန့်နှေးသွားသယောင် ခံစားလိုက်ရသည်။

Baekhyun ယခုရောက်နေသည်က မီးခိုခန်း…
အတိအကျညွှန်းရလျှင် Chanyeol၏ အိမ်မှ
မီးဖိုခန်း… … …။

" ဝယ်လာတဲ့အအေးတွေသောက်လိုက်ရင် ပြီးနေ
တာကို… "

မကျေမနပ်… တစ်နည်းအားဖြင့် တမင်ရန်လိုသည်
လည်းဖြစ်နိုင်သောစကားတစ်ခွန်းကို Baekhyun
ထုတ်ပြောမိတော့ Chanyeolက မကြားချင်ယောင်
ဆောင်နေသည်။

ညအိပ်ခါနီးဟူသောအကြောင်းတရားဖြင့် ဆေးလက်
ဖက်ရည်ဟုChanyeolခေါ်သော အထုပ်ငယ်လေး
များကို သူကိုယ်တိုင်ပင် ရေနွေးဖြင့် ဖျော်ပေးနေ၏။
Baekhyunက ပုံမှန်ထက် ရန်လိုနေသည်…။
အိမ်ကိုရောက်သည့်အချိန်ကတည်းက Chanyeol
ကို မမြင်ချင်ယောင်ဆောင်ကာ အကြည့်ချင်းဆုံသွား
လျှင်လည်း မျက်စောင်းထိုးတော့မတတ် ဆတ်ခနဲ
အကြည့်လွှဲပစ်တတ်သည်…။

ရှင်းပါသည်… … …
စတိုးဆိုင်လေးသို့သွားခါနီး Chanyeol နောက်
သလိုလိုပြောလိုက်သောစကားတစ်ခွန်းကြောင့်…
Baekhyun ယခုအချိန်အထိ အနေခက်ကာ
Chanyeolကို စကားပြောရန်ပင် ခက်ခဲနေ၏…။

" ပူတယ် သတိထားသောက်… "

လက်ထဲသို့ရောက်လာသော ခပ်နွေးနွေးဆေးလက်ဖက်
ရည်တစ်ခွက်…။
တကယ်တော့ Baekhyunက ထိုသို့သောဆေး
ဆန်ဆန်အရည်များကို သိပ်မုန်းသည်။
အစ်မ တိုက်လျှင်ပင် ဟာရူနှင့်အပြိုင်အော်မတတ်
အတင်းငြင်းကာ မရမကဆန့်ကျင်တတ်၏…။

ယခုတော့… … …

" ဘယ်လိုနေလဲ အရသာ… "

အနည်းငယ်အခါးဓာတ်ပါသော အရသာက သေချာ
ပေါက် Baekhyun အကြိုက် လုံးဝမဟုတ်ပါ…။
သို့ပေမယ့် ဘာကြောင့်ရယ်မသိ…Baekhyun
လက်ခံလို့ရနေ၏။

ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]Where stories live. Discover now