[5.B]

1.6K 400 33
                                    

[Zawgyi]

သိပ်တော့မဆိုး… နေ့တိုင်းနေ့တိုင်း ကျောင်းဆင်းချိန်
ရောက်လျှင် ကျောင်းရှေ့ ပုံမှန်ရောက်နေတတ်သော
Chanyeolကြောင့် Chanyeol ကျောင်းနားခံ
ထားရသော တစ်ပတ်တာသည် Baekhyun အတွက် ထင်သလောက်ကြီး ပျင်းရိစရာကောင်းမနေ…။

လွယ်လာသော ကျောပိုးအိတ်ကို Chanyeol ယူလွယ်လိုက်သည့်အခိုက်အတန့်ဆို ပုခုံးပေါ်မှ ဝန်ပို
တစ်ခု ပေါ့ပါးသွားသည့်အလား စိတ်က မြူးထူးသွား၏။
ကျောပိုးအိတ်တစ်အိတ် ထိုမျှလောက် လေးလံတတ်
ကြောင်း Chanyeol သင်ပေးမှ Baekhyun သိလာသည်။

" ဘာလိုလိုနဲ့ မင်းတောင် ကျောင်းပြန်တက်ရတော့
မယ်နော်… "

" အင်း… "

ပြန်ဖြေလာသည့် Chanyeol အသံက မတင်မကျ။
သူ့ပုခုံးထက်မှ Baekhyun ကျောပိုးအိတ်ကိုသာ
လည်ပြန်ကြည့်ကြည့်လုပ်နေရင်း မျက်မှောင်က ကုတ်ကုတ်ကျလာ၏။

" မင်းလည်း ကျောင်းမြန်မြန်ပြန်တက်ရမှပါပဲ…
မဟုတ်ရင် နေ့လည်ထမင်းစားချိန်တိုင်း
JungHoနဲ့ နှစ်ယောက်တည်း အတူတူစားနေရတာ ပျင်းစရာကောင်းတယ်…။
သူက စာအုပ်ကြီးအတိုင်း ထမင်းတစ်စေ့ကအစ
ကုန်အောင်စားတာဆိုတော့… "

JungHoသာသိလျှင် စိတ်ခုစေမည့်အပြောမျိုးကို
Baekhyunပြောသည်။
ကိစ္စမရှိ… နောက်အပတ်ဆိုလျှင် Chanyeol ကျောင်းပြန်တက်ရပြီ…။ JungHoက Chanyeolကို ကြောက်သည်။ ထို့ကြောင့်… Chanyeolသာ Baekhyunအနားရှိနေလျှင်
JungHoတို့ မျက်စောင်းပင်မထိုးရဲ…။

အတွေးနှင့် Baekhyun အူမြူးသွား၏။
ပုခုံးနှစ်ဖက်ကို ကျုံ့လိုက်ရင်း စိတ်ကူးမိသည့်ထိုအတွေး
ကို Chanyeol အား ပြောပြရန် ကြံသည်။

" Chanyeolသိလား… ဟင်… "

အတွေးထဲ မြောချင်တိုင်းမြောနေသော Baekhyunက Chanyeol အနောက်တွင် ရပ်
ကျန်နေခဲ့ခြင်းအား သတိမထားမိ…။

နဂိုထက် အေးစက်နေသောမျက်နှာနှင့် Chanyeol
သည် စာရွက်တစ်ရွက်ကို ဖြန့်လျက် ဖတ်နေသည်။
လက်ထဲတွင် လက်ဖဝါးတစ်ဖက်စာ ဘူးအသေးလေး
တစ်ခုကရှိနေသေး၏။

" ဘာလို့လဲ… "

မေးလည်း ပြန်ဖြေမည့်လူစားမဟုတ်တာသိနေသည်
ကြောင့်… Baekhyunကိုယ်တိုင်ပဲ နောက်ကြောင်း
ကို ပြန်လှည့်သည်။

ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]Where stories live. Discover now