[3.C]

2.4K 459 53
                                        

[Zawgyi]

လိုအပ်သောအသုံးအဆောင်ပစ္စည်းများဟု Baekhyun ခေါင်းစဉ်တပ်ထားသော်ငြား... Chanyeol တွန်းလာသော တွန်းလှည်းထဲတွင်
ပစ္စည်းအပြည့်ဖြစ်နေသည်...။
ဒါကိုတောင် Baekhyunက မုန့်တန်းပေါ်မှ
မုန့်ထုပ်များကို လှည်းထဲ ဆက်ထည့်နေဆဲဖြစ်၏။

" အနီ... အဝါ...
အနီ... အဝါ "

မုန့်ထုပ်နှစ်ထုပ်အား ဘယ်တစ်ထုပ် ညာတစ်ထုပ်ကိုင်
ထားရင်း Baekhyun ရွေးချယ်ရခက်နေသည်။
နောက်ဆုံးတော့လည်း နှစ်ထုပ်စလုံးသာ လှည်းထဲ
ပစ်ထည့်လိုက်၏။

" Baekhyun... "

တွန်းလှည်းထဲ များသထက်များလာပြီဖြစ်သောပစ္စည်း
များကို ငုံ့ကြည့်နေရင်း Chanyeol တိုးဖွဖွခေါ်သည်။
ပစ္စည်းပမာဏများနေကြောင်း Baekhyunကို
အသိပေးရမှဖြစ်တော့မည်။

" ဟင်...ဘာလဲ "

ချယ်ရီသီးစိမ်ထားသော ဖျော်ရည်ဘူးအား ခြေဖျား
ထောက်လှမ်းယူနေရင်း Baekhyun ထူးသည်...။
ဆတ်ခနဲ Chanyeol လှမ်းယူလိုက်ရင်း တွန်းလှည်း
ထဲ ထည့်လိုက်၏...။

တွန်းလှည်းထဲရောက်သွားပြီဖြစ်သည့် ဖျော်ရည်ဘူးအား
လိုက်ငေးကြည့်နေရင်းမှ "ဘာလို့ခေါ်တာလဲ" ဟု
Baekhyun နောက်တစ်ကြိမ်ထပ်မေးလာသည်။

Chanyeol ခေါင်းရမ်းပြလိုက်မိသည်။

" ဘာမှမဟုတ်တော့ဘူး... "

တွန်းလှည်းကို ဆွဲလှည့်ကာထွက်သွားသော Chanyeolက Baekhyunကို တစ်ချက်ကလေး
မျှပင် လှည့်ကြည့်မလာခဲ့။
Baekhyun... ထိုကျောပြင်ကျယ်ကို မျက်စောင်း
ထိုးပစ်လိုက်သည်။
ထို့နောက်... အရှိန်တင်ထားသော ခြေလှမ်းများဖြင့်
Chanyeol အနောက်ကို ပြေးလိုက်ရသည်။

" Chanyeol! "

လက်မောင်းကို ဆွဲလိုက်ရင်း ရပ်တန့်ခိုင်းစေသူကြောင့်
Chanyeol တုန့်ခနဲရပ်သွားသည်။ Baekhyun က Chanyeol လက်မောင်းကို ဖက်တွယ်ထားရင်းမှ တစ်နေရာကို လက်ညှိုးညွှန်သည်။

" ငါ မင်းကို အဲ့ဒါဝယ်ပေးမယ် "

" ငါ ကလေးမဟုတ်ဘူး... "

ငြင်းဆိုသံက ချက်ချင်းထွက်ကျလာသည်...။ မျက်ခုံး
နှစ်တန်းကြားမှ အလယ်နေရာလေး... အနည်းငယ်
ကျုံ့နေခြင်းက ငြင်းဆိုမှုကို ပိုသရုပ်ပေါ်နေစေသည်။

ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]Where stories live. Discover now