[9.B]

1.9K 460 64
                                    

[Zawgyi]

Chanyeol လက်သီးဆုပ်လိုက်မိသည်ကို သတိထားမိသွားသော Baekhyunက သက်ပြင်း
ချ၏။ သူသည် Chanyeolကို ဖိအားပေးမိသွား
သည်လား…။

" ထားလိုက် Chanyeol…
ငါ မပြောခဲ့ဘူးလို့ပဲ မှတ်… "

" ငါက ဘယ်သူနဲ့လက်ထပ်စရာရှိရမှာတဲ့လဲ… "

အပြင်မှ အအေးဓာတ်ကို Baekhyun ခံစားမိ
လိုက်သယောင်ပင်။ မှန်ပြတင်းခြားထားပေမယ့်
ထိုအေးစက်စက်ခံစားချက်မျိုးကို ခံစားမိသယောင်
ဖြစ်သွားရခြင်းက Chanyeol မျက်ဝန်းများကြောင့် ဖြစ်သည်။

ထိုင်ခုံကို ကျောမှီချလိုက်ရင်း Chanyeolက
Baekhyunထံမှ ဝေးကွာ၏…။ သူ၏ ထိုအမူအရာ
မျိုးကို Baekhyun ကောင်းကောင်းသိသည်။
သူ မနှစ်သက်သည့်အရာမျိုးကိုလုပ်မိလျှင် Chanyeolသည် Baekhyunထံမှ ထွက်ပြေး
သွားချင်သောသူတစ်ယောက်လို အနေအထားတွေကို
တတ်နိုင်သမျှ ဝေးကွာပစ်တတ်၏…။

မှတ်မှတ်ရရ အတန်းနှစ်တစ်နှစ်က အတန်းခေါင်းဆောင် ကျောင်းသူမှ Chanyeolအား
ပေးသောစာတစ်စောင်ကို ဘာမသိညာမသိဖြင့်
Baekhyunယူလာမိသောအခါက… … …
နောက်တစ်ကြိမ်…
မိုးရွာနေချိန်တွင် သူ့ကိုမစောင့်ပဲ JungHoနှင့်
အတူတူ အိမ်ပြန်သွားမိသောအခါတုန်းက… … …
နှစ်ကြိမ်တိတိ ထိုအမူအရာမျိုးလုပ်ပြရင်း Baekhyunကို ဆက်လက်စကားပြောချင်စိတ်ပင်
မရှိတော့ပါဟု သွယ်ဝိုက်ဖော်ပြခဲ့သည်။

ယခုအကြိမ်နှင့်ဆို ဒါ…3 ကြိမ်မြောက်ပဲ…။
ဒါလေးတောင်းဆိုလိုက်မိတာက စိတ်ဆိုးဖို့ လုံလောက်
ခဲ့သည်တဲ့လား။ မတောင်းဆိုသင့်သောအရာကို တောင်းဆိုမိလိုက်သည်လား…။

" ဘယ်သူ့ကို လက်ထပ်စရာရှိရမှာလဲဆိုတာ
ငါ့ထက် မင်းက ပိုသိမှာလေ…။
ဘာလို့ ငါ့ကိုပြန်မေးနေသလဲ… "

မသိချင်ယောင်ဆောင်မေးခြင်းက အရမ်းပင်လွန်သွား
ပြီဟု ခံစားမိသည့်အတွက် ပြန်တုန့်ပြန်လိုက်သော
Baekhyunအမေးစကားက ဆတ်ဆတ်ထိမခံ
သလိုဖြစ်သွားသည်။

အပြင်ကို တမင်အကြည့်ပို့ထားသော သူ့အကြည့်တို့က
ဆတ်ခနဲပြန်ရောက်လာ၏။ လည်ပင်းအင်္ကျီကော်လံ
နှစ်ဖက်ကို အလယ်မှချိတ်ဆက်ထားသော ကော်လံဆက်အလှသံချိတ်တွဲလေးက မီးရောင်နှင့်
အတူ တစ်ချက်လက်သွားသယောင်…။
မသိလျှင် သူ့အကြည့်တို့နှင့် အားပြိုင်လိုက်သည့်နှယ်။

ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]Where stories live. Discover now