[Zawgyi]
မည်သည်ကနေစ၍ စကားစပြောရမည်ဆိုတာ Baekhyun မသိပဲဖြစ်နေသည်။ ကုတင်ပေါ်တွင်
ပျံ့ကျဲနေသော အဝတ်အစားများကို လွတ်အောင်ရှောင်
ရင်း ထိုင်နေရသည့်အပေါ် အလုပ်များချင်ယောင်သာ
ဆောင်ရင်း လတ်တလော နေရခက်နေမှုကြီးကို
ရှောင်နေမိသည်…။
Baekhyun နှင့် နှစ်ယောက်စာအကွာအဝေးတွင်
ထိုင်နေသော Chanyeolသည်တော့ တစ်ယောက်
တည်း နေရခက်နေသော Baekhyunကို ပြုံးပြီး
ကြည့်နေခဲ့၏…။
" စာရေးဆရာက ဘယ်မှာလဲ… "
အရမ်းကိုနေရခက်လာသည့်အတွက် Baekhyun
ကြိုးစား၍ပင် မေးလိုက်သည်။ ခဏတာမျှဆုံသွားသော
မျက်ဝန်းတို့ကို Chanyeolက မရမကလိုက်ဖမ်း
ဆုပ်နေရင်း အံ့အားသင့်သယောင်ပြုသည်။
" ဘယ်စာရေးဆရာလဲ…
ဒီအခန်းထဲမှာ ငါ့အပြင် မင်း ဘယ်သူ့ကိုမြင်မိသေး
လို့လဲ… "
" ဒါဆို… စာရေးဆရာIMYက မင်းလား! "
မထင်မှတ်ထားစွာ အနည်းငယ်ကျယ်သွားသောအသံ
အတွက် Chanyeol မျက်မှောင်ကျုံ့သွား၏…။
တကယ်က Chanyeol မျက်မှောင်ကျုံ့ခြင်းက
Baekhyunအသံကြောင့်မဟုတ်ဘဲ တစ်စုံတစ်ရာ
ကြောင့်ဆိုတာ Chanyeolက ချက်ချင်းဆက်ပြော
သည်။
" ဘယ်သူ?
စာရေးဆရာနာမည်က ဘယ်သူ… "
" အင်မိုင်လေ…
ငါ့ကို mailနဲ့ ဒီလိပ်စာကိုပေးပေးတဲ့သူ… "
စဉ်းစားသွားဟန်ဖြင့် Chanyeol လက်တစ်ဖက်ကို
ကုတင်ထက် ထောက်ကာ… အနီးအနားမှ ခရီးဆောင်
အိတ်ကြီးကို ခပ်ရွဲရွဲလှမ်းကြည့်လာသည်…။
တခဏကြာမှ မျက်တောင် တစ်ချက်ဆတ်ခနဲလှုပ်ရှား
သွားရင်း…
" စာရေးဆရာနာမည်အသံထွက်က အဲ့လိုပါလို့
ဘယ်သူကပြောပြထားတာလဲ… "
ခရီးဆောင်အိတ်မှ ရွေ့လာသော အကြည့်ကြောင့်
Baekhyun… မျက်ဝန်းကို အမြန်လွှဲ၏…။
ယခုအချိန်အထိ သူနှင့် အကြည့်ချင်းဆုံရန် Baekhyun မဝံ့ရဲသေး…။
" အိုင် အမ် ဝိုင်က အင်မိုင်မဟုတ်ဘူးလား…
ငါ့အနားက လူတွေကတော့ အကုန်အဲ့လိုထွက်နေ
ကြတာပဲ… "
" ရိုးရိုး အိုင် အမ် ဝိုင် ပါ Baekhyun…
အသံထွက်ဆိုတာ မရှိဘူး…
I M Y ပဲ… "
YOU ARE READING
ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]
Romanceဘာအကြောင်းကြောင့်မဆို ငါက မင်းနဲ့ပဲ သက်ဆိုင်ချင်တယ်...။
![ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]](https://img.wattpad.com/cover/215486541-64-k941424.jpg)