[Zawgyi]
အတန်းထဲသို့ အလျင်အနည်းငယ်လိုနေသောဟန်ဖြင့်
ဝင်ရောက်လာသော ခြေလှမ်းတစ်စုံ….။
အတန်းက အနည်းငယ်တိတ်ဆိတ်သွားသည်။
ထူးဆန်းသည်… သူ့ကို ယခုကဲ့သို့ တစ်ပါးသူအတန်း
ထဲသို့လာရောက်သည်ကိုမြင်ရခြင်းက အနည်းငယ်
ထူးဆန်းနေသည်။ ထို့ကြောင့် ရှေ့ဆုံးတွင်ရှိနေသော
ကျောင်းသူနှစ်ယောက်က တီးတိုးပြောကုန်ကြ၏…။
နောက်ဆုံးတန်းမှ ကျောင်းသူသည်လည်း ဖြီးလက်စ
ခေါင်းဖြီးကိုချ၍ ရှေ့ခုံမှကျောင်းသူကို လက်ကုတ်သည်။
သူ… ထိုအခင်းအကျင်းကို စိတ်မဝင်စား…။
" Cherry ဆိုတာက… "
အနီးရှိကျောင်းသူအား မေးလိုက်မိခိုက် ယောင်နန
ဖြစ်စွာဖြင့် သူ့အားလှမ်းကြည့်လာသောမျက်ဝန်းတစ်စုံ
ကိုသာ ကနဦးစွာမြင်လိုက်ရသည်။
မျက်ခုံးက မသိမသာတွန့်ကုတ်သွားရင်း တစ်ခြား
ကျောင်းသူထံမေးရန်ပြင်ခိုက်မှာပင် ပထမအမေးခံရ
သောကျောင်းသူက အလျင်အမြန်ပြန်ဖြေပေးလာ၏…။
စကားဖြင့်တော့ မဟုတ်… လက်ညှိုးဖြင့် အတန်း
အလယ်ခေါင်နားမှ ကျောင်းသူတစ်ယောက်ကို ညွှန်ပြ
သည်…။
သူ့ခြေလှမ်းတို့ အဆောတလျင်ရွေ့လျားသွားပြန်၏။
သူ…Cherryဆိုသောကျောင်းသူကို တန်းသိလိုက်
သည်။ လက်သည်းဆိုးဆေးဘူးများကို စားပွဲခုံပေါ်
တင်ထားရင်း လက်တစ်ချောင်းပြီးတစ်ချောင်း စိတ်ကြိုက်ဆိုးနေသည့် ထိုကျောင်းသူက မေးခွန်းထုတ်
မျက်ဝန်းများဖြင့် သူ့အား ကြိုလင့်နေသည်…။
" Cherry "
အတည်ပြုသံက အလိုလိုထွက်သည်…။
Cherryက ကိုယ်ကိုနောက်သို့ အနည်းငယ်ရွေ့၏။
ယခုဖြစ်ပျက်နေသည့် သူ့အမူအရာသည် Cherry
အတွက် အဆင်ပြေမှာမဟုတ်မှန်း သိသာနေသည်။
" သော့ချိတ်… သော့ချိတ်ကိုပြ… "
" ဘာပြောတယ်… "
" မင်းကျောပိုးအိတ်မှာချိတ်ထားတဲ့ ဝက်ဝံရုပ်အမည်း
သော့ချိတ်ကိုပြလို့… "
လက်တစ်ဖက်ကို ဖြန့်ကာ ရှေ့ဆန့်တောင်းမိသည်အထိ
သူ အလျင်လိုနေ၏။ Cherryက လက်ထဲမှ လက်သည်းဆိုးဆေးဘူးကို စားပွဲပေါ်ပြန်ချလိုက်ရင်း
ပျစ်ပျစ်နှစ်နှစ်ဆဲဆိုသံတစ်ခုကိုပြုလုပ်သည်။
YOU ARE READING
ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]
Romanceဘာအကြောင်းကြောင့်မဆို ငါက မင်းနဲ့ပဲ သက်ဆိုင်ချင်တယ်...။
![ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]](https://img.wattpad.com/cover/215486541-64-k941424.jpg)