[0]

11.5K 789 39
                                    

[Zawgyi]

ညနေ 6:30 အချိန်။

သာမန်အချိန်လျှင်ပင် ရှုပ်ယှက်ခတ်နေကျ ပတ်ဝန်းကျင်က ပိုမိုရှုပ်ထွေးနေသည်။ နယ်ပယ်အသီး
သီးမှ အိမ်ပြန်ချိန်ဖြစ်နေသည်ကြောင့် ရုန်းထသက်ဝင်
နေသောအခင်းအကျင်းက ဆူညံခြင်းပါ အဆစ်ပါနေ၏။

" ကြိုဆိုပါတယ်... "

တံခါးကို တွန်းတွန်းဖွင့်ခြင်းမှာပင် ကြားလိုက်ရသော
နှုတ်ဆက်သံ...။ ကောင်တာမှ ဝန်ထမ်းကောင်လေးကို
အပြုံးနှင့်ခေါင်းငြိမ့်ပြလိုက်ရင်း ဆိုင်ထဲကို တန်းတန်း
မတ်မတ်ပင်ဝင်လာခဲ့လိုက်၏...။

အဖြူရောင်ခြေအိတ်ကို ဖြုတ်ယူလိုက်သည်။ မဆိုလည်း
အိမ်မှခြေအိတ်တို့က တစ်မျိုးတစ်ဖက်စီဖြစ်နေသည်မို့
မနက်မိုးလင်းတိုင်း ခြေအိတ်စုံညီရှာရသည်က သူ့အတွက် အလုပ်တစ်ခုဖြစ်နေသည်...။

" တစ်ခါတည်း ဂျယ်လီပါဝယ်သွားရမလား "

အိမ်မှ တူမဖြစ်သူ ဟာရူလေးကိုသတိရလိုက်သည်
ကြောင့်...သူ့ခြေလှမ်းတို့က သရေစာမုန့်တန်းဘက်ရှိ
ရာဆီလှမ်းမိသွား၏။

" စတော်ဘယ်ရီဂျယ်လီ "

သူနှင့်အကြိုက်တူသည့် တူမလေးက စတော်ဘယ်ရီ
ဂျယ်လီကို တမ်းတမ်းမက်မက်သိပ်ကြိုက်သည်...။
အစ်မဖြစ်သူက သွားပိုးစားမည်ဟူသော စိုးရိမ်စိတ်ဖြင့်
မစားရန်တားမြစ်ထားသော်ငြား... ဟာရူကတော့ သူ့အမေလစ်သည်နှင့် ဂျယ်လီကိုရအောင်ရှာရင်း ခိုးစား
တတ်သည်။ တစ်ခါတစ်ရံ သူ့ကို ကပ်ချွဲရင်း ဂျယ်လီရ
အောင် ဝယ်ကျွေးခိုင်းတတ်သည့် အလည်လေးဖြစ်၏။

" နောက်ပြီး... ငါ့အတွက် နွားနို့ဗူး... "

ပြဿနာက ထိုအချိန်တွင် စသည်...။ ယခင်အပတ်က အသစ်ပြင်ဆင်ထားခဲ့သော မုန့်တန်းစင်က သူ့အတွက် မဆိုသလောက် မြင့်နေသည်က ခက်သည်။ ဝယ်ချင်
သောနွားနို့ဗူးက ထိုစင်အပေါ်ဆုံးထပ်တွင် ရှိနေသည်က ပို၍ခက်နေ၏...။

" အဲ့ဒါမို့ ဒီစင်အသစ်ကို ငါ သဘောမကျတာ... "

ခြေအိတ်နှင့်ဂျယ်လီထုပ်ကို တစ်ဖက်တည်းကိုင်ထားရင်း သူ ခြေဖျားထောက်ကာ
နွားနို့ဗူးအား မရမကလှမ်းမိသည်။

ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]Where stories live. Discover now