[Zawgyi]
ညနေ နေရောင်ခြည်က အနောက်ကောင်းကင်တွင်
သိသိသာသာကြီးကို လှပနေသည်။ လိမ္မော်ရောင်?
အဝါရောင်? ဘယ်လိုအရောင်မျိုးဆိုတာ Baekhyun တိတိကျကျပြောပြဖို့ အရောင်တို့က
သိပ်ကိုရောယှက်လွန်းနေသည်…။
ခြေထောက်နှစ်ဖက်ကို စုံလျက်ခုန်ကြည့်ရင်း ကောင်းကင်အရောင်ကို ကွဲပြားသွားဖို့ ကြိုးစားမိ၏။
တစ်ချက်ခုန်လိုက်သည့်အချိန်တိုင်း ကောင်းကင်ကြီး
အထက်အောက်ရွေ့လျားသွားသလို ခံစားလိုက်ရသည်
မှလွဲ၍ အရောင်တို့ကို ပိုင်းခြားနိုင်ခြင်းမရှိလိုက်…။
" Chanyeol…အဲ့ဒါကျ ဘာအရောင်လို့ခေါ်လဲ…
လိမ္မော်ရောင်လား အဝါရောင်လား…
ဒါမှမဟုတ် ဟိုတစ်ဖက်ကဆို အနီရောင်? "
ကိုယ်ကို ရုတ်ခြည်းလှည့်လိုက်ရင်း အဖြေတောင်းမိသည်။
ခြေလှမ်းငါးလှမ်းအကွာလောက်မှ သူက… Baekhyun ညွှန်ပြသည့်အနောက်ကောင်းကင်ကို လှမ်းကြည့်သည်…။ ဆည်းဆာရောင်ကောင်းကင်ကြီးကို
သူ့မျက်ဝန်းထဲတွင် ကူးပြောင်းခံစားလိုက်ရ၏…။
" ပုစွန်ဆီရောင် "
" အော်…ဟုတ်သား…
အဲ့အရောင်လို့ခေါ်မှာနော် "
သူဖြေပေးလိုက်သည့်အခါတွင်လည်း အဖြေက
သိပ်လွယ်လွန်းသွားသည်။ ကောင်းကင်ကြီးကို ပြန်လှည့်ကြည့်လိုက်မိ၏…။
ဟုတ်သား…ပုစွန်ဆီရောင်ပဲ…။
" ပိတ်ရက်တုန်းက မင်း ဘယ်သွားတာလဲ "
" ဟင်…အော်…ဒီအတိုင်းပဲ သွားစရာရှိလို့ "
ကမန်းကတန်းပြန်ဖြေလိုက်သံက စနစ်မကျ…။
ဦးလေးGyeolဆီသွားတာဟု အမှန်အတိုင်းပြန်မဖြေ
ချင်သေး…။ အခြေအနေအမှန်ကိုသိပြီးသွားလျှင်
နှစ်ယောက်ကြားက ဖြစ်ပျက်သွားမည့်အနေအထား
တစ်ခုကို Baekhyun လက်မခံချင်ပါ…။
သက်ပြင်းချသံက သတိထားမိစရာကောင်းလောက်
အောင်ပင် ထိုးထွက်လာသည်။ Baekhyun သိသည်… Chanyeolက သူ မသိဘဲ တစ်နေနေရာသွားမည့်ကိစ္စကို မနှစ်သက်သောသူ
ဖြစ်၏…။ ပွင့်ပွင့်လင်းလင်းမပြောထားသော်ငြား
အမူအရာတို့ဖြင့်တော့ မနှစ်သက်ကြောင်း ပြတတ်သူ
ဖြစ်သည်။ ဥပမာ…စောနက သက်ပြင်းချခြင်းကဲ့သို့…။
ВЫ ЧИТАЕТЕ
ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]
Любовные романыဘာအကြောင်းကြောင့်မဆို ငါက မင်းနဲ့ပဲ သက်ဆိုင်ချင်တယ်...။
![ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]](https://img.wattpad.com/cover/215486541-64-k941424.jpg)