[6.C]

1.5K 442 35
                                    

[Zawgyi]

" စီနီယာ… စာတမ်းကို ဂရုစိုက်ပေးတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်! "

ကျောင်းအရောက်တွင် ကော်ဖီသံဘူးလေးတစ်ဘူးဖြင့်
ကျေးဇူးတင်ကြောင်းပြောလာသော ဂျူနီယာကျောင်း
သား၏အသံက တက်ကြွနေမှုအပြည့်ဖြင့်…။

Baekhyun နှုတ်ခမ်းတစ်ချက်မဲ့လိုက်ရင်း ကော်ဖီ
ဘူးလေးကိုလှမ်းယူလိုက်သည်။ တဆက်တည်းဆို
သလို ဖောက်သောက်လိုက်ရင်း ဆက်လျှောက်လာ
လိုက်သည့်နောက် အနှီကျောင်းသားကပါ နံဘေးမှ
ကပ်လျက်လိုက်ပါလာခဲ့၏…။

ပျော်ရွှင်နေသောအသံများဖြင့် ထပ်ခါတလဲလဲကျေးဇူး
တင်ပြနေသောအခါ Baekhyunပင် နားညည်းမိ
လာသည်အထိဖြစ်လာသည်။ တကယ်က သူ့စာတမ်း
ကို ပရော်ဖက်ဆာချွဲ သဘောကျမကျဆိုတာက အသေ
အချာကြီးပြောလို့ရတာလည်းမဟုတ်…။

" ဒါနဲ့… မင်း အကိုးအကားယူထားတဲ့
စာရေးဆရာအင်မိုင်(IMY)ဆိုတာက ဘယ်သူလဲ…
ငါ နောက်မှ အင်တာနက်ကနေရှာကြည့်မလို့ပဲ
ဒါပေမယ့် အိမ်က တူမတော်က နည်းနည်းပွားနေတာ
နဲ့ မရှာလိုက်ရတော့တာ… "

" အော်… အဲ့ဆရာက နာမည်ကြီးထဲကတော့
မဟုတ်ဘူး…။
လုံးချင်းဝတ္ထုတွေမှ 3အုပ်ပဲလားမသိ ထွက်ရသေးတာ။
နာမည်တက်ခါစလို့ပြောရမှာပေါ့… "

Baekhyun ခေါင်းငြိမ့်လိုက်ပြလိုက်မိသည်။
နဂိုတည်းက စာပေဘက်နှင့်ဝေးကွာသောသူမို့ စာရေး
ဆရာတွေကို သိမနေခြင်းက သိပ်တော့မထူးဆန်း…။
နာမည်ကြီးတွေလောက်ကိုသာ စာအုပ်တွေထဲတွေ့နေ
ရသည်ကြောင့်သိနေသည်။ စီးပွားရေးမေဂျာကျောင်း
သားတစ်ယောက်အတွက် ဤသည်က ဖြစ်လေ့ဖြစ်ထ
ရှိသောအဖြစ်မျိုးသာဖြစ်၏…။

မိမိမေဂျာအဆောက်အဦးဘက်ရောက်သည့်အခါမှပင်
ဂျူနီယာလေးက နံဘေးမှနေ နှုတ်ဆက်ထွက်သွား
သည်။ ကံကောင်းထောက်မစွာဖြင့်… ထိုကျောင်းသား
၏ စာတမ်းကို ပရော်ဖက်ဆာချွဲ သဘောကျပါစေဟုသာ
မျှော်လင့်လိုက်မိလေသည်။

°• So I Call You •°

" Baekhyun… Baekhyun… "

ခပ်တိုးတိုးခေါ်သံကြောင့် စာဖတ်နေရာမှ အမြန်ခေါင်း
မော့ကြည့်လိုက်သည်။

ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]Where stories live. Discover now