[4.B]

2.2K 430 28
                                    

[Zawgyi]

သူ့အား သိုဝှက်ကာ ဦးလေးGyeolကို သွားတွေ့ခြင်း
အပေါ် Chanyeol မည်သို့မျှမေးခွန်းထုတ်မလာခဲ့။
မသိချင်ယောင်ဆောင်နေခြင်းဖြင့် ထိုအခြင်းအရာ
မဖြစ်ပျက်ခဲ့သကဲ့သို့ Chanyeol လျစ်လျူရှုခဲ့သည်။

ဖြေရှင်းပြရန် ခက်ခဲသောကိစ္စတစ်ခုအတွက် Baekhyunလည်း စကားစဖို့မကြိုးစားမိတော့။
နေရခက်မိခြင်းကို ဘာသိဘာသာနေခြင်းဖြင့် ကျော်
ပစ်လိုက်သည်။

ဤသို့ဖြင့်ပင် ကျောင်းတက်ရက်တို့ကလည်း ဘာသိ
ဘာသာဖြင့်ပင် ကုန်ဆုံးလာခဲ့၏။ အထက်တန်း
နောက်ဆုံးနှစ်စာမေးပွဲကြီးအတွက် တစ်ချို့က စိတ်
ပျက်လက်ပျက်ပင် ညည်းညူပြကြသည်။
ဆရာများကို ပင်ပန်းကြောင်းညည်းတွားပြကြရင်း
စာများနှင့်ပတ်သက်၍ ဖိအားများကို လျော့ချကုန်ကြ
၏...။ ဒါက... Baekhyunတို့အတန်းထဲက
နေ့စဉ်ဓူဝ တွေ့ကြုံနေရသော အတန်းတွင်းအခြေအနေ။

Baekhyunကတော့ အမှတ်မှီသည့်တက္ကသိုလ်
တစ်ခုကိုဆက်တက်နိုင်လျှင် အဆင်ပြေပြီ...။
မဟုတ်လည်း နေရာကောင်းကောင်းတွင် အလုပ်လုပ်ရ
မည်ဟူသော ရည်မှန်းချက်မျိုး သူ့မှာမရှိ...။
ဖိအားများသည့်အလုပ်များကို Baekhyun လက်သင့်မခံလို...။ ထို့အတွက်... ရသင့်ရထိုက်သော
အမှတ်များကိုသာရနိုင်လျှင် Baekhyunအတွက်က
အဆင်ပြေပြီ...။

သို့သော်... ထိုအမှတ်များရဖို့ကိုပင်လျှင်... ... ...။

" ဟူး "

အုံ့မှိုင်းနေသော မနက်ခင်းမိုးကောင်းကင်နှင့်လိုက်ဖက်
ညီစွာပင် Baekhyun ပခုံးတို့လျော့ကျကုန်၏။

" ရာသီဥတုကြီးကလည်း ငါ့ဘက်ကိုသိပ်ပါလွန်းတယ်
တစ်နေနေရာမှာ တွေးဆွေးနေလို့ကောင်းမယ့်
အခြေအနေမျိုးပဲ... "

ခပ်သုတ်သုတ်တိုက်ခတ်သွားသောလေအေးက မကြည်
မလင်ဖြစ်နေသော ကောင်းကင်အနေအထားကို
သရုပ်ပိုပီနေစေသည်။ လမ်းမထက် ကြွေကျပြီးသော
ပန်းပွင့်နှစ်ပွင့်က လေနောက် တသောသောလိုက်ပြေး
မည့်ဟန်ပြုပြီးမှ မလှမ်းမကမ်းတွင် ရပ်တန့်သွားကြ
၏...။

ပန်းဆီရောင် ပန်းပွင့်လေးတွေ... ... ...။

ဘာရယ်မဟုတ်...ထိုပန်းပွင့်လေးကို ရပ်ငေးနေခိုက်
မှာပင် ကျော်တက်သွားသော ခြေလှမ်းတွေ...။
မသိမသာလှုပ်ရမ်းသွားသော ဝက်ဝံရုပ်သော့ချိတ်
အမည်းလေးက ထိုသူ၏ ခြေလှမ်းစိပ်စိပ် ငြိမ်ဆိတ်မှု
ကို တစ်နည်းတစ်ဖုံဖြင့် ဖော်ပြနေသည်။

ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]Where stories live. Discover now