[3.B]

2.4K 472 79
                                    

[Zawgyi]

" ဟာရူ…ဟာရူလေး…
ဦးလေး ခဏလောက်ဖြစ်ဖြစ် ထပ်အိပ်ပါရစေ… "

စောင်ပုံထဲ ခေါင်းအတင်းထိုးထားရင်း Baekhyun
ညည်းညည်းညူညူတောင်းဆိုလိုက်မိသည်။
ကုတင်ပေါ်တက်ခုန်နေသော ဟာရူက တစ်ချက်တစ်ချက် Baekhyun ကိုယ်ပေါ်တက်ခွကာ မြင်းစီးသလိုစီးနေသောအခါလည်း ရှိလာ၏…။

" ဟာရူ… ဦးလေး မနေ့ကလည်း ပြေးထားရလို့
ပင်ပန်းနေလို့ ခဏလေးဖြစ်ဖြစ်ထပ်အိပ်ပါရစေကွာ…
နော်… "

ကျောင်းပိတ်ရက်လေးတွင် နောက်ကျမှ အိပ်ရာက
ထမည်ဟူသော Baekhyun အိပ်မက်သည်ကား
တံခါးဖွင့်ဝင်လာသော တူမတော် ဟာရူလက်ချက်
အောက်တွင် အပျောက်ရှကြီးပျောက်ရှသွားရသည်။

တံခါးလော့ခ်အမြဲချထားလေ့မရှိသော Baekhyun
မိမိကိုယ်မိမိအပြစ်တင်မိခြင်းသည် လတ်တလော
ဟာရူခုန်ပေါက်နေခြင်းလောက် ဖြစ်မြောက်နိုင်စွမ်း
မရှိခဲ့…။

" ဟာရူ… ဘာလို့… အစောကြီး… ထ "

ဆက်ကာဆက်ကာခုန်နေသော ဟာရူခုန်မှုကြား
Baekhyun၏ ဗလုံးဗထွေးစကားသံတို့ကလည်း
ပြတ်တောင်းပြတ်တောင်းထွက်ပေါ်လာသည်။

နောက်ဆုံးတွင်တော့ Baekhyun ကြုံးရုန်းထလိုက် ရင်း ခေါင်းအုံးကို ရင်ဖက်ထဲပိုက်ထားလိုက်ရသည်။
ဒီကြေကွဲစရာအဖြစ်ကြီးကို လက်ခံလိုက်ရန် Baekhyun အချိန်လိုသည်…။

" ဦးလေး နိုးပြီလား… "

ရွှင်မြူးမြူး ဟာရူအသံသည် သူမနှုတ်ခမ်းထက်မှ
အပြုံးတစ်ပွင့်နှင့် ပနံသင့်နေ၏…။

" မနိုးနိုးအောင် နှိုးနေတာဘယ်သူလဲ "

ဆံပင်စုတ်ဖွားဖြင့် Baekhyunပုံစံသည် အတော်
ရယ်ချင်စရာကောင်းနေလောက်သည်…။
ရန်လိုစကားကိုပင် တူမဖြစ်သူက တဟိဟိပြန်ရယ်ပြ
လာ၏။

ထို့နောက်တွင်တော့ ကျောင်းဖွင့်ချိန် ပုံမှန်အိပ်ရာထ
ချိန်ထက် နာရီဝက်လောက်လေးပဲ နောက်ကျစွာဖြင့်
Baekhyun အခန်းထဲမှထွက်လာလိုက်ရသည်။
လက်ကိုဆွဲကာ ခုန်ပေါက်လိုက်လာသော ဟာရူကို
ငုံ့ကြည့်လိုက်ရင်း Baekhyun သက်ပြင်းချလိုက်
မိသည်…။ ဒါ…ဘယ်လို မျောက်ပေါက်ကလေးလဲ…။

ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]Where stories live. Discover now