[Zawgyi]
" Chanyeol… မင်း အဲ့ဒါက ဘာကိုခြယ်နေတာလဲ… "
Chanyeolနားထဲ တိုးဝင်လာသော Baekhyun
အသံက လှောင်ပြောင်လိုဟန်အပြည့်ဖြင့်…။
Chanyeol နှုတ်ခမ်းတစ်ချက်မဲ့လိုက်ပေမယ့်
အဖြေတော့ပြန်မပေး…။ မိမိခြယ်နေသည့်အပိုင်းကို
သာ အာရုံစိုက် ဆက်ခြယ်နေလိုက်သည်။
" ပေါက်တက်ကရတွေ မလုပ်စမ်းနဲ့ Chanyeol "
အပြောနှင့်မရမှန်းသိတော့ Baekhyunက Chanyeolစာရွက်ကို ဆွဲလုသည်…။
နေကြာပန်းမှ ခရမ်းရောင်ကာလာက ဘေးသို့ချော်ထွက်
ကုန်၏။ ဆေးခြယ်နေစဉ် Baekhyun ဆွဲလုခံ
လိုက်ရသည့်အတွက် အရောင်တွေ ဘေးသို့ချော်ကုန်
သော စာရွက်ကို Chanyeol နှမြောတသဖြစ်သလို
လှမ်းကြည့်နေသည်။
" ဆွဲထားတာလှရဲ့သားနဲ့…
အရောင်က ဘာတွေခြယ်မှန်းမသိဘူး…
နေကြာပန်းကို ခရမ်းရောင် မင်းမြင်ဖူးလား… "
သစ်ပင်အောက်တည့်တည့်ထိုင်နေရင်း Baekhyun
က ခါးခါးသီးသီးကို ကန့်ကွက်ပြနေသည်။
ဆန္ဒမပါဘဲ ပြုလုပ်နေရသောအလုပ်တစ်ခုအတွက်
မနိုင်နိုင်ရာမဲကာ အပြစ်တင်ပုံချပစ်လိုက်သည့် သဏ္ဌာန်
မျိုး… … …။
တကယ်ဆို ဒီအရောင်ခြယ်ခြင်းကိစ္စက Baekhyun
စတင်ခဲ့တာဖြစ်သည်။
အနုပညာဘက်ကို လေ့လာကြည့်ချင်သည်ဟုဆိုကာ
အရောင်ခြယ်သည့်အပိုင်းကို လေ့ကျင့်ကြည့်၏…။
သို့သော်… ထင်သလောက် မလွယ်ကူခဲ့သလို…
ထင်သလောက်လည်း စိတ်ဝင်စားစရာမကောင်းခဲ့။
ထို့ကြောင့်… ယခုအချိန် Chanyeolကို ရစ်နိုင်ရန်
သာ အားသန်လာတော့၏…။
" ဒါဆို ပြောပါဦး…
နေကြာပန်းက ဘာအရောင်လဲ… "
စုတ်တံကို ရေခွက်ထဲသို့နှစ်ချပစ်လိုက်ပြီး Chanyeol မေးမိသည်။ ခရမ်းရောင်အနှစ်တို့
ဘေးသို့ကြဲခနဲလွှင့်ထွက်သွားကာ ခွက်တစ်ခုလုံး
ခရမ်းရောင်ဖြစ်သွားသည်ကို Baekhyun လှမ်း
ကြည့်လိုက်သေးသည်…။ Chanyeolဆိုတာက
အခြေအနေတစ်ခုကို ပိုင်နိုင်သောအဖြေရှိမှ လုပ်တတ်
သောသူတစ်ယောက်ဆိုတာ သိထားသည့်အတွက်…
ဖြေရှင်းချက်ပေးရန်က အချိန်ယူနေရသေးသည်။
" နေကြာပန်းက…အဝါရောင်လေ…
လူတိုင်းသိနေတာကို… "
" အဝါရောင်ဆိုတာနဲ့ မင်းမျက်လုံးထဲ အဝါရောင်ကို
ပြေးမြင်လိုက်တယ်ပေါ့… "
YOU ARE READING
ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]
Romanceဘာအကြောင်းကြောင့်မဆို ငါက မင်းနဲ့ပဲ သက်ဆိုင်ချင်တယ်...။
![ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]](https://img.wattpad.com/cover/215486541-64-k941424.jpg)