[8.C]

1.9K 453 46
                                        

[Zawgyi]

" အဲ့တော့ မင်းက ဘယ်အချိန်အထိ ငါတို့ကျောင်းမှာ
စာလာလာပို့ချနေဦးမှာလဲ… "

ခရီးဆောင်အိတ်ထဲမှ အင်္ကျီတစ်ထည်ကို ဆွဲထုတ်
လိုက်ရင်း Baekhyun မေးသည်။ မသက်မသာ
ဖြစ်နေခြင်းသိသာသော Baekhyunအသံကြောင့်
Chanyeol မျက်ခုံး ပင့်ရုံလေးပင့်သွားသည်…။
ဒါကို Baekhyun မမြင်လိုက်…။

" ငါ့courseပြီးတဲ့အထိပေါ့…
မသကာ မင်းတို့ရဲ့ ဒီSeme တစ်ခုအထိ… "

" ဘာရယ်! "

Baekhyun ယောင်ယမ်းစွာ လက်ထဲမှ အင်္ကျီ
လေးကို လုံးချေလိုက်မိ၏။ ရက်တိုသင်တန်းလောက်
ဟုသာ မျှော်လင့်ခဲ့မိခြင်းက ထိုမျှအထိ ကြာရှည်လိမ့်
မည်ဟု Baekhyun အိပ်မက်ထဲ၌ပင် တွေးမိမည်
မဟုတ်ပါ…။

" ငါ… မင်းကို ဆရာလို့မခေါ်ချင်ဘူး Chanyeol "

Chanyeol တဟားဟားအော်ရယ်လာသည်…။
Park Chanyeol၏ အကျင့်ကို ဖျောက်ဖျက်စွာ…
တစ်ဖက်ကလည်း စာအုပ်စင်တွင် စာအုပ်များစီထည့်
နေခြင်းကိုပင် ဆက်မလုပ်နိုင်စွာ ဟက်ဟက်ပက်ပက်
ရယ်ချလာတာဖြစ်သည်။

" ရယ်မနေနဲ့…
ငါ မင်းကိုအကောင်းပြောနေတာ… "

" ဒါဆို… ငါ့ကို စာလာမသင်စေချင်တဲ့
မင်းရဲ့အကြောင်းပြချက်က အဲ့ဒါတစ်ခုတည်းကြောင့်
ပေါ့… "

" အဲ့ဒါတစ်ခုတည်းလို့မပြောနဲ့…
အဲ့ဒါတစ်ခုတည်းကပဲ ဘယ်လောက်အထိ ကြီးမားလဲ
မင်းမသိပဲ… "

Baekhyun မကျေမနပ် တုန့်ပြန်ကာ လက်ထဲမှ
တွန့်ကြေသွားသော အင်္ကျီလေးကို ပြန်ဖြန့်သည်…။
သိပ်ကို စာပေပို့ချချင်နေပါသော Park Chanyeolက ဒီကိုပြန်ပြန်ရောက်ခြင်းကတည်းက
အိမ်ထဲထည့်ထားသော ခရီးဆောင်အိတ်များကို
ဖွင့်၍ပင် မစီရသေးပါ…။ ထို့အတွက်… Baekhyunကိုယ်တိုင် Chanyeolအိမ်သို့
လိုက်၍ အင်္ကျီများကို ဘီရိုထဲသို့ ပြန်ခေါက်ထည့်ပေး
နေရ၏…။

Baekhyun တုန့်ပြန်ခြင်းကို Chanyeol
ဘာမျှ ပြန်မပြောတော့ဘဲ စာအုပ်များကိုသာ
ဆက်ထားနေလိုက်သည်။ စာရေးပြီးသည့်နောက်ပိုင်းမှ
သူ့တွင် များလာသည့် စာအုပ်တွေ…။
စာကြည့်ခန်းအတွက်လည်း သီးသန့်ချည်းလုပ်မနေချင်
တော့သည့်အတွက် အိပ်ခန်းထဲတွင်သာ စာအုပ်စင်
တစ်ခုထပ်တိုးလိုက်ခြင်းဖြင့် တစ်ပုံးစာသောစာအုပ်များ
ကို ဖြေရှင်းပေးလိုက်သည်။

ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]Dove le storie prendono vita. Scoprilo ora