[7.A]

1.6K 421 22
                                    

[Zawgyi]

Baekhyunအခန်းကို မော့ကြည့်နေသော ထိုတစ်စုံတစ်ယောက်သောသူသည် Baekhyun
အတွက် ရင်းနှီးသက်ဝင်နေသောအငွေ့အသက်သာ
ဖြစ်သည်…။ Baekhyunစိတ်ထဲ ထိတ်ခနဲဖြစ်သွား
မှုနှင့်အတူ ထိုအရိပ်ရှိရာဆီကို ပြေးဆင်းလာခဲ့မိ၏။
မည်သည့်အရာကိုမှ မစဉ်းစားမိ…။
ထိုသူ့ရှိရာဆီကို ရောက်သွားချင်ဖို့ရာသာ Baekhyun သိသည်…။

သို့တိုင်အောင်… Baekhyun မျှော်လင့်ထားသကဲ့
သို့ ထိုနေရာတွင် မည်သူမျှရှိမနေ…။
ပြေးဆင်းလာသောအရှိန်နှင့် မောဟိုက်နေသည်ထက်
ပိုမောသောအမောကို ခံစားလိုက်ရသည်။

Baekhyun ထိုနေရာတွင်ပင် ငုတ်တုပ်ထိုင်ချလိုက်
မိ၏…။ 3နှစ်ပင်ကျော်ခဲ့ပြီကို ထိုလူသားပုံရိပ်တို့အား
ယခုထိ စွဲထင်နေဆဲဖြစ်လေသည်။

ထိုလူသား…ထိုလူသားသည် Baekhyunကို
ဒီနေရာလေးမှ ဘယ်နှစ်ကြိမ်ခန့် ငေးမျှော်ကြည့်ခဲ့ဖူး
သည်လဲ… … …။

°• So I Call You •°

တစ်ညလုံးကောင်းကောင်းအိပ်မပျော်ခဲ့သော Baekhyunက နောက်တစ်နေ့မနက်ကို အတန်း
ကောင်းကောင်းမတက်နိုင်တော့…။
နုံးချိနေသောခန္ဓာကိုယ်နှင့်အတူ ကန်တင်းစားပွဲပေါ်
တွင် မေးစေ့တင်ထားနိုင်ရုံလောက်သာ တတ်နိုင်ခဲ့
သည်…။

" Baekhyunတို့လည်း ဖြစ်ပျက်နေလိုက်တာ… "

မနက်ပိုင်းအတန်းတစ်ချိန်အပြီးတွင် သူရှိရာသို့အပြေး
လာသော JungHoက Baekhyunကျောပြင်
ကို မြင်လိုက်သည်နှင့် Baekhyunမှန်း တန်းသိ
လိုက်သည်…။ ဖုန်းဆက်တုန်းကကြားလိုက်ရသော
အသံတုန်းအနေအထားနှင့် ယခုဖြစ်ပျက်နေသော
အမူအရာက လုံးဝတစ်ထပ်တည်း…။

" မနေ့ညက တစ်ညလုံးမအိပ်ထားရတာလား
အဲ့ရုပ်က… "

Baekhyunမျက်နှာကိုမြင်လိုက်ရမှ JungHo
အံ့အားသင့်မှုက စသည်…။
နွမ်းဖတ်နေသောမျက်နှာနှင့် အိပ်ချင်နေဟန်အတိုင်း
သားကို Baekhyunမျက်နှာပေါ်တွင် မြင်နေရ
သည်…။

မနေ့ညက တစ်ညလုံးနီးနီး ညစာစားပွဲလုပ်နေသော
မိမိတို့အိမ်နှင့် Baekhyunတို့အိမ် မှားများမှားနေ
သည်လား။ ယခုက Baekhyunက မိမိထက်ပင်
အိပ်ရေးပျက်ထားသောပုံပေါ်နေသည်…။

ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]Onde as histórias ganham vida. Descobre agora