[10.A]

2.1K 440 40
                                    

[Zawgyi]

စာအုပ်၏စာမျက်နှာထောင့်စွန်းလေးက မသိမသာ
ခေါက်ချင်ချင်ဖြစ်နေသည်။ အနည်းငယ်သေးသော
ထောင့်အရွယ်အစားဖြစ်သည့်တိုင် Chanyeol
သေချာမြင်နေရသေး၏…။
သို့ပေမယ့်… သူ မနှစ်သက်ခြင်းတော့မဖြစ်မိ။
ပုံမှန်ဆို Chanyeolက စာအုပ်ထောင့်စွန်းများ
ခေါက်ကျိုးနေခြင်းကို မုန်းသည့်သူတစ်ယောက်ဖြစ်
သည်။
ယခုတော့ ခေါက်ချင်ချင်ဖြစ်နေသော စာရွက်က
Chanyeolစိတ်ကို ငြိုငြင်ခြင်းအနည်းငယ်ပင်
မဖြစ်စေခဲ့…။

လက်ထဲမှ ကိုင်ထားသော ဖောင်တိန်ထိပ်သီးလေး
ထိဆက်နေရာ စာမျက်နှာပေါ်တွင် မင်စက်ရာပင်
တဖြည်းဖြည်းကြီးလာခဲ့ပြီဖြစ်သည်။
မည်သည့်အချိန်ကတည်းက ထောက်ထားမိသည်
သေချာမသိသော်ငြား ကြာသင့်သည်ထက်တော့
ကြာနေပြီဆိုတာ စာမျက်နှာပေါ်မှ မင်စက်ရာက
သက်သေပြနေခဲ့၏…။
တကယ်က ယခုတစ်ကြိမ်ထုတ်ဝေမည့်စာအုပ်အတွက်
ကြိုတင်အချက်အလက်ချရေးနေရာတွင် ယခုအချိန်
ထိတိုင် စကားလုံးတစ်လုံးမှ မစရသေးခြင်းပင်။

စာမျက်နှာပေါ်တွင် ဖောင်တိန်ကို ထိထားလျက်ဖြင့်
သူ အတွေးယာဉ်ထဲ ငြိမ်နေမိသည်မှာ အကြာကြီး။

" ဒီတစ်ခေါက်စာအုပ်တော့
သေချာပေါက် ပြဿနာပဲ… "

အသံထွက်၍ပင် ညည်းလိုက်မိသည်အထိ ယခုစာအုပ်
အတွက်က ရင်လေးစရာဖြစ်နေသည်။
ရွေးချယ်ထားသည့်စာအုပ်အမျိုးအစားက အဆွေးပိုင်း။
စစ်အတွင်းကွဲကွာသွားသည့်မိသားစုတစ်ခုအကြောင်း
ကို အဓိကထားရေးရမည့်စာအုပ်…။
ဇာတ်လမ်းတစ်ခုလုံး ဝမ်းနည်းနာကျင်စရာတွေချည်း
ပြည့်နှက်နေမည့်စာအုပ်…။
ဆိုရလျှင်… မီးခိုးရောင်မှိုင်းမှိုင်း စိတ်ခံစားချက်တို့
အနည်ထိုင်စေမည့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်၏…။

သို့သော်… ထိုစာအုပ်က ပျက်စီးတော့မည့်
အခြေအနေကိုရောက်နေပြီ။
ယခုခံစားချက်နှင့်တော့ မည်သို့မျှ ခံစားချက်မှိုင်းမှိုင်း
ဖြစ်စေမည့် စကားလုံးအထားအသိုတို့ ဖန်တီးနိုင်တော့
မည်မဟုတ်…။

" ငါတော့ တကယ်ရူးတော့မှာပဲ… "

ဖောင်တိန်ကို စာအုပ်ထက် လွှတ်ချပစ်လိုက်ရင်း
လူကိုယ်တိုင်ကလည်း တစ်ဆက်တည်း ထိုင်ခုံမှ
ထထွက်လာခဲ့သည်။ ပြတင်းပေါက်နားတွင် ရပ်လိုက်
ရင်း အပြင်လောကကိုငေးကြည့်မိတော့ အမှောင်ထုက
သာ အကြီးအကျယ်ကြီးစိုးနေ၏။ သေချာပေါက်ကို…
ယခုလိုအချိန်သည် စာရေးရန် စိတ်နှစ်လို့ကောင်းသည့်
အချိန်ဖြစ်သည်။

ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]Where stories live. Discover now