[1.A]

6K 784 46
                                    

[Zawgyi]

ဂျယ်လီထုပ်လေးကို အစ်မ မမြင်အောင် မြှောက်ပြလိုက်
တော့ ဟာရူက အသံတိတ်ဝမ်းသာအားရ ထခုန်ပြသည်။ သူသည်...တူမကို ဖျက်စီးနေသော
ဦးလေးတစ်ယောက်သာ...။

" ဒီနေ့ အိမ်ပြန်နောက်ကျတယ်နော် "

" အပြန်မှာ ခြေအိတ်ဝင်ဝယ်နေလို့...
အိမ်မှာရှိနေတာတွေက သိပ်အဆင်မပြေတော့လို့လေ "

ခြေထောက်တစ်ဖက်အား မရမကခိုတွဲကာ ဆော့ကစား
နေသော ဟာရူကို ထိန်းကိုင်ထားရင်း တစ်ဆက်တည်း
ဆိုသလိုလည်း အစ်မကို ပြန်ဖြေလိုက်ရသည်...။
သူ့အကြောင်းကို နောကြေအောင်သိထားသူတစ်ယောက်မို့ အစ်မက
နှုတ်ခမ်းမဲ့ပြလာ၏...။

" ခဏနေ ထမင်းစားတော့မှာမို့ ချက်ချင်းပြန်ဆင်းလာနော် Baekhyun...
ဟာရူ... ဆင်းခဲ့...လိုက်မသွားနဲ့
ထမင်းမစားခင် ခြေလက်တွေဆေးရဦးမယ်...
ကင်မ်ဟာရူ ပြောတာကြားလား "

နှစ်ခေါက်မြောက်ခေါ်ပြီးချိန်တွင် ဟာရူလေး မျက်နှာ
ငယ်လေးဖြင့် တက်ထားပြီးသော သုံးထစ်သောလှေကားလေးပေါ်မှ စိတ်ပျက်လက်ပျက်
ပြန်ဆင်းသွားလေ၏...။ အခွင့်အရေးရလျှင်ရသလို
ဦးလေးဖြစ်သူအခန်းတွင် ဂျယ်လီခိုးစားမည့်အကြံအား
အမေဖြစ်သူက ကောင်းကောင်းကြီးကို ရိုက်ချိုးပစ်
လိုက်လေပြီ။

Baekhyun တစ်ချက်ရယ်လိုက်ရင်း သူ့အခန်းရှိရာ
အပေါ်ထပ်ဆီတက်လာခဲ့လိုက်၏။
အမေဖြစ်သူကြောင့်မဟုတ်လည်း ဟာရူ ဂျယ်လီစားရ
ဦးမည်မဟုတ်ပါ...။ ထမင်းမစားခင် ဂျယ်လီကျွေးဖို့
အထိကတော့ သူ...အလိုမလိုက်ချင်သေး...။

" ပင်ပန်းလိုက်တာ "

ကုတင်ပေါ် ကျောပိုးအိတ်အား ပြီးစလွယ်ပစ်တင်
လိုက်ရင်းမှ ညည်းလိုက်မိ၏။ ထို့နောက်...သူကိုယ်တိုင်
ကုတင်ထက်ပစ်လှဲအိပ်လိုက်မိတော့ ကျောပိုးအိတ်ကြိုး
ထုံးက ခေါင်းအောက် ခပ်ခုခုလာဖြစ်သည်...။

ခေါင်းကို နေရာရွှေ့လိုက်ရင်း မျက်စိစုံမှိတ်လိုက်သည့်
အခိုက်... ဖျတ်ခနဲဆိုသလိုသတိရလိုက်မိ၏။
အထက်တန်းကျောင်းသားအရွယ်သာရှိသေးသော Baekhyunတွင် ကျောင်းစာအပြင် ခေါင်းထဲထည့်
စရာအကြောင်းအရာမှာ ထိုသူ့အပြင် မရှိခဲ့... ... ...။

ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]Where stories live. Discover now