[11.A]

1.5K 284 57
                                    

[Zawgyi]

မိဘမဲ့ဂေဟာမှအပြန်တွင်တော့ လူအချိုးနှုန်းက
ပြောင်းလဲသွားခဲ့၏။ မိဘတွေက အလာတုန်းကကဲ့သို့
တစ်စီးသက်သက်… … …
JungHoတို့ကားပေါ်တွင်တော့ ကားမောင်းသူနှင့်
JungHoတို့မောင်နှမနှစ်ယောက်သာရှိတော့ပြီး
Baekhyun ပြောင်းလဲနေရာယူသွားသည်က…
Chanyeol၏ ကားပေါ်သို့ဖြစ်လာသည်…။

JungHoက ညီမဖြစ်သူနှင့်အတူမပြန်ချင်သည့်
အတွက် Baekhyunနောက်သို့ တပူးပူးလိုက်ပါ
လာပြီးမှ… Chanyeol၏ ကားကိုမြင်မှ ထိုခြေလှမ်း
များ ရပ်တန့်သွားတော့သည်။
ဟုတ်သား… သူ… Chanyeolကို မေ့နေတာ…။

ခင်မင်လာသည့်နှစ်များ ကြာလာစေကာမူ JungHo… Chanyeolကို တရင်းတနှီး စကား
သွားမပြောရဲသေး…။
Chanyeolကိုယ်တိုင်ကလည်း ဘာသိဘာသာပင်။

ကားနံဘေးကနေ မျက်နှာငယ်လေးဖြင့် လက်ပြနေ
သော JungHoပုံစံကြောင့် Baekhyun အသံ
ထွက်သည်အထိ ရယ်လိုက်မိ၏…။
ညီမအရင်းနှင့် ထိုမျှလောက်အစေးကပ်သော
JungHoပါပဲ…။

ကားစစထွက်ခြင်းမှာပဲ Chanyeolက မုန့်တစ်ထုပ်
ကိုလှမ်းပေးသည်။ ကားမောင်းခြင်းတွင် အနှောင့်
အယှက်ဖြစ်မည်စိုးသည်ကြောင့်… Baekhyun
လျင်လျင်မြန်မြန်ပင် လှမ်းယူလိုက်ပါ၏။

" ငါ့အတွက်လား… "

အာလူးကြော်ထုပ်ကို Baekhyun လှည့်ပတ်ကြည့်
ရင်း သိသိလျက်ဖြင့်ပင် မေးလိုက်မိပြန်သည်။
Chanyeolလိုလူက "ဖောက်ပြီး တစ်ဖတ်ချင်း ငါ့ကိုခွံ့ကျွေးဖို့"ဟု ပြောမည်တဲ့လား…။

" မင်းစောနက သေချာမစားခဲ့ရဘူးမလား…
ဒီပုံအတိုင်းဆို အိမ်ပြန်မရောက်ခင်
ဗိုက်ဆာနေဦးမယ်ထင်လို့… "

မုန့်များကို ကားထဲအပိုယူယူလာသည်လားဟု Baekhyun မေးမနေချင်တော့ပါ…။
ဘေးတစောင်းမျက်နှာတည်တည်ကို မသိမသာ
တစ်ချက်ခိုးကြည့်လိုက်ပြီးမှ အာလူးကြော်ထုပ်ကို
ဖောက်လိုက်မိ၏…။

Baekhyun တကယ် စားသောက်ခဲ့ရတာ
မပြည့်လောက်ခဲ့ပါ။ ကလေးလေးများကို အရိပ်အခြည်
ကြည့်နေရသည့်အတွက်ရော…
တခြားသူတွေရှိနေသည့်အတွက်ရော…
စားသည်ဆိုရုံလောက်သာ စားခဲ့မိသည့်အတွက်ကြောင့်
ဖြစ်၏…။

ⓢⓞ-ⓘ-ⓒⓐⓛⓛ-ⓨⓞⓤ [Complete]Where stories live. Discover now